Wednesday, June 19, 2019

ဒေါင်းတို့မျိုးဆက်သံချပ်အမှုဆိုင်ရာ တပ်မတော်၏သက်သေခံများအပေါ် ပြင်ဆင်ချက်တင်သွင်းမည်

ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင်ငါးဦးကို တရားလိုပြုလုပ် တရားစွဲဆိုသည့် တပ်မတော် ဘက်က တင်သွင်းသော သက်သေခံပစ္စည်းများသည် ဥပဒေနှင့်မညီ ညွတ်၍ တရားရုံးတွင် ပြင်ဆင်မှု တက်မည်ဖြစ်ကြောင်း တရားစွဲဆို ခံထားရသူများဘက်မှ ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။  နိုင်ငံတော်အကြည်ညိုပျက် စေမှုပုဒ်မ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မများဖြင့် တပ်မတော်က တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ခုနစ်ဦးကို ဗိုလ်တထောင်မြို့နယ်တရားရုံးတွင် ဇွန်လ ၁၇ ရက်က ရုံးထုတ်စစ်ဆေး ရာ၌ တရားလိုဘက်က တင်သွင်းသည့် သက်သေခံပစ္စည်းများကို တရားရုံးက လက်ခံခဲ့ကြောင်း ကြားဖြတ်အမိန့်ချမှတ်သည်။



အဆိုပါကြားဖြတ်အမိန့်ကို ပြင်ဆင်မှုတက်ရန် ဆောင်ရွက် မည်ဖြစ်ကြောင်း သံချပ်အဖွဲ့ဝင် များ၏ရှေ့နေက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

 မြို့နယ်တရားရုံးက တရား လိုဘက်က တင်သွင်းသည့် စာ ရွက်စာတမ်းများ၊ ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံများကို သက်သေပစ္စည်း များအဖြစ် လက်ခံသည်ဟု အမိန့် ချမှတ်ခဲ့သည်။

‘‘ကျွန်မတို့ပြင်ဆင်မှုတက် လိုက်တဲ့ အချိန်မှာ ခရိုင်တရားရုံး မှာ ဒီအမှုတွဲကို တောင်းဖော်ကြည့် မယ်ဆိုရင် သက်သေခံပို့လိုက်တဲ့ အထောက်အထားတွေသည် တရားလိုဥပဒေနဲ့ မညီညွတ်တဲ့ အထောက်အထားတွေ ဖြစ်နေ တယ်ဆိုတာ တရားရုံးက သုံးသပ် မိမှာပဲ။ ဒီလိုသုံးသပ်မိရင် တရား ရုံးက ဥပဒေနဲ့ညီတဲ့ အမိန့်တစ်ခု ကိုတော့ ချပေးမှာပဲ’’ဟု တရား လွှတ်တော်ရှေ့နေ ဒေါ်စန်းစန်း မြင့်က ပြောသည်။

 တရားလိုပြသက်သေဗိုလ် မှူးတစ်ဦးက ဗီဒီယိုရိုက်ပြီး ပေးပို့ထားကြောင်း၊ တပ်မတော်သား များသည် ပြည်သူလူထု သား၊ သမီးများဖြစ်၍ ယင်းသံချပ်စာ သားဖြင့် တိုက်ခိုက်ခြင်းကြောင့် မိမိတို့ဂုဏ်သိက္ခာကျဆင်းသည် ဟုဆိုကာ တရားစွဲဆိုခြင်းဖြစ် ကြောင်း တရားလိုက တရားရုံး၌ ထွက်ဆိုထားကြောင်း ၎င်းက ပြောသည်။

‘‘သူတို့ဂုဏ်သိက္ခာကျဆင်း တယ်ဆိုပြီး တရားစွဲထားတာက အခုစွပ်စွဲထားတဲ့ ပုဒ်မတွေနဲ့မညီ ဘူး။ ဂုဏ်သိက္ခာကျဆင်းတာက ပုဒ်မတစ်ခုလေ’’ဟု ဒေါ်စန်းစန်း မြင့်က ဆိုသည်။

ထိုသို့ တရားစွဲဆိုခြင်း၊ သက်သေခံပစ္စည်းများတင်ထားခြင်းတို့ သည် ဥပဒေနှင့်ညီ၊ မညီ မြို့နယ် တရားရုံးမှ တစ်ဆင့် ခရိုင်၊ တိုင်း ဒေသကြီးနှင့် ပြည်ထောင်စုအ ဆင့်အထိ တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။

‘‘အဓိက ကျွန်တော်တို့ဖြစ် နေတဲ့ ပြဿနာတွေက တရားသူ ကြီးတွေရဲ့ အကြောက်တရားတွေ ပါဝင်နေမှုကြောင့် ကျွန်တော်တို့ အခုလိုခံနေရတာလို့ မြင်တယ်။ ဒါကြောင့် တရားသူကြီးတွေအနေ နဲ့လည်း စစ်တပ်နဲ့ပတ်သက်ပြီး သူတို့ဆီမှာ အကြောက်တရား တွေ ကိန်းအောင်းနေတုန်းပဲလို့ ယူဆပါတယ်’’ဟု တရားစွဲခံရသူ ကိုဇေယျာလွင်က ပြောသည်။ ပြီးခဲ့သည့် သင်္ကြန်ကာလ တွင် သံချပ်ရွတ်ဆိုသည့် ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ဦးဆောင်သူ ဇေယျာလွင်၊ ပိုင်ရဲသူ၊ ပိုင်ဖြိုးမင်း၊ ဖိုးသား၊ ကေခိုင်ထွန်း၊ မဆုရတ နာမြင့်နှင့် ကိုငြိမ်းချမ်းစိုးတို့ကို တပ်မတော်အပေါ် ထိခိုက်စေသည့်အသုံးအနှုန်းများ ပါဝင်သည် ဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားလိုပြုလုပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)၊ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုထားသည်။

No comments:

Post a Comment