Wednesday, June 19, 2019

ဒေသခုနစ်ခုတွင် ပုံမှန်ထက် မိုးကောင်းပြီး ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ မြင့်တက်လာနိုင်

ဇွန်လ လက်ကျန်ကာလ အတွင်း ဒေသခုနစ်ခုတွင် ပုံမှန် ထက် မိုးကောင်းနိုင်ပြီး ဧရာဝတီ နှင့် ချင်းတွင်းမြစ်ရေ မြင့်တက် လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထား သည်။ ဇွန်လ တတိယ ၁၀ ရက် အတွက် မိုးလေဝသ ခန့်မှန်းချက် ကို ဇွန်လ ၁၈ ရက် ထုတ်ပြန်ချက် တွင် ရေဘေးသတိပြုရမည့် အ ခြေအနေများ ပါဝင်လာသည်။


 ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်း တစ် ကြိမ်ဖြစ်ပေါ်နိုင်ကာ ဒေသအနှံ့ မိုးရွာနိုင်ပြီး တနင်္သာရီ၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်း၊ ချင်း၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ပုံမှန်ထက် မိုးကောင်း နိုင်ကြောင်း သတိပေးထားသည်။ ဧရာဝတီမြစ်ရေသည် မြစ် ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း နှင့် မြင်းမူမြို့တို့တွင် ခြောက်ပေ မှ ကိုးပေခန့်၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင် လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တွင် လေးပေမှ ခြောက် ပေခန့် လက်ရှိရေအမှတ်များအ ထက် မြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။ ဧရာဝတီ ထက် ရေစီးသန်သော ချင်းတွင်း မြစ်ရေသည် ခန္တီး၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တွင် ခြောက်ပေမှ ကိုးပေခန့်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တွင် လေးပေမှ ခြောက်ပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက် လာနိုင်ကြောင်း သတိပေးထား သည်။

No comments:

Post a Comment