Wednesday, June 19, 2019

မန္တလေးတွင် AH1N1 နှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများပြုလုပ်

မန္တလေးတိုင်းဒေသကြီးအတွင်း AH1N1 ရောဂါနှင့် ပတ်သက်၍ ဖြစ်ပွားမှုမရှိသေးသော်လည်း ဖြစ်ပွားခဲ့ပါက ကုသမှုများပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန က သိရသည် ။ ထို့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်း ဖြစ်ပွားလာပါက ချက်ချင်း သိရှိနိုင်ရန်နှင့် သံသယရှိလူနာတွေ့ရှိပါလည်း အသိပေးအကြောင်းကြားရန် ဆေးရုံဆေးခန်းများတွင် အသိပေးထားပြီးဖြစ်ကြောင်း သိရသည် ။



``မန္တလေးတိုင်းထဲတော့ ဘာမှမဖြစ်သေးဘူး။ ဖြစ်လာရင် တိုင်းဒေသကြီးအဆင့်မှာ ကုသပေးဖို့ ဆေးဝါးတွေ ဓာတ်ခွဲစမ်းသပ်မှုတွေလုပ်ဖို့ ဆောင်ရွက်ထားရှိပြီးပါပြီ။´´ ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့် က ပြောသည် ။

အဆိုပါရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် အတွင်း အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဇွန်လ ၁၄ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment