Wednesday, June 19, 2019

‘‘ရတဲ့ဆုကို Show ပွဲလုပ်မယ်’’ The Voice Myanmar Winner ဆုရှင် နိုဗန်ထူးနှင့်တွေ့ဆုံခြင်း

he Voice Myanmar Season−2 ပြိုင်ပွဲတွင် အဆိုပြိုင်ပွဲများ၌ ယှဉ်ပြိုင်လေ့မရှိသည့် Metal သီချင်း ကြမ်းကြမ်းများဖြင့် ပွဲစဉ်တစ် လျှောက်ယှဉ်ပြိုင်ခဲ့သည့် နိုဗန်ထူး က Winner ဆုရရှိခဲ့သည်။ နိုဗန်ထူးသည် အဆိုတော်ကျားပေါက်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး နောက်ဆုံး ပြိုင်ပွဲတွင် ရေမွန် ၏နောက်ကျော သီချင်းဖြင့် ယှဉ်ပြိုင်ခဲ့သည်။ Winner ရရှိခဲ့သည့် နိုဗန်ထူးကို ဆုရရှိ ခဲ့သည့် ခံစားချက်များအပါအဝင် ရှေ့ဆက်မည့် အနုပညာလှုပ်ရှား မှုများအကြောင်း တွေ့ဆုံမေးမြန်း ခဲ့ပါသည်။

ဆုကြေညာလိုက်တဲ့ အချိန်မှာ ထိုင်ချလိုက်တာက အရမ်းစိတ် လှုပ်ရှားသွားတာကြောင့်လား၊ ဆုမကြေညာခင်အချိန်က ခံစား ချက်က ဘယ်လိုရှိလဲ။

ကျွန်တော်မှတ်တောင်မှတ်မိ ဘူး၊ ဘာဖြစ်သွားလဲဆိုတာ။ နှစ်ယောက်တည်းကျန်တဲ့ အချိန်မှာ ပေါလ်နဲ့ တစ်ယောက်တစ်ဝက်ယူ မလားတောင်ညှိနေတာ။ ပေါလ်ကတော့ အဲဒီအပေါ်မှာ Serious မဖြစ်ပါဘူး။ အရမ်းတုန်လှုပ်နေ ပြီ။ မမြင်ရဘူးလေ။ အရမ်း ကြောက်ဖို့ ကောင်းတယ် အဲဒီအ ချိန်က။

ကိုကျားပေါက်ကလည်း Blind Audition ကတည်းက ဒီ Music ပုံစံနဲ့သွားရင် Winner မှန်းလို့ရမှာ မဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် ပွဲစဉ်တစ်လျှောက်လုံး Metal တွေနဲ့ပဲ သွားခဲ့တာဆိုတော့ Winner ကို ကော မျှော်မှန်းထားခဲ့လား။

ကျွန်တော်လည်း အရမ်းတော့ မမျှော်မှန်းထားဘူး။ Vote က တောင်းဆိုတော့လည်း တောင်းရတာပေါ့၊ တန်းတူညီမျှပေါ့။ ရလိုရငြားဆိုတဲ့ စိတ်က လူတိုင်းမှာ တော့ရှိတယ်။ ပထမတော့ ဟေး လားဝါးလားပေါ့။ Wait and Bleed ဆိုတုန်းကဆို ပထမဆုံးLive မှာ  ကျွန်တော်တက်သွားတယ်၊ ဘယ်လိုလဲပေါ့။ ကျွန်တော်အဲဒီလောက် တောင်မှန်းမထားဘူး။စွတ်လုပ်ထားတာ၊ အဲဒီသီချင်းက။ နောက်ဆုံး ဖိုင်နယ်ပါလာတော့ဒါကြီးက အပြောင်းအလဲတစ်ခု ကို လူတွေလိုချင်တာလားပေါ့။ ကျွန်တော့်စိတ်ထဲမှာ ဇဝေဇဝါဖြစ်သွားတဲ့ အကန့်တော့ရှိတယ်။ ကျွန်တော့်ဘက်က ထောက်ခံသူတွေတော့များတယ်။ ဒါပေမဲ့ အရာအားလုံး က မှန်းလို့ မရပါဘူး။ Winner လောက်ကြီးတော့ ရည်မှန်းချက် အပြည့်ကြီးတော့ မဟုတ်ပါဘူး။

Winner ရတဲ့အပေါ် ခံစားမှုလေး ကို ပြောပြပါဦး။

ပွင့်ပွင့်လင်းလင်းပြောရရင် ပြိုင်တဲ့လေးယောက်ထဲမှာ သတ်သတ်ကြီးကို ထွက်နေတာ။ နောက်ဆုံးဖိုင်နယ်မှာ ရွေးတဲ့သီချင်းက အစ သောင်းကျန်းဖို့ကို ဦးစားပေးတာဆိုတော့ ကျွန်တော့်လို ပုန်ကန်ချင်သူတွေ များတယ်လို့ ထင် တယ်။ ကျွန်တော့်ယုံကြည်ချက်ကို အကောင်အထည်ဖော်ပေးချင်တဲ့ စိတ်ကြောင့်ပဲ ပေးတယ်လို့ ထင် တာပဲဗျ။ ကျွန်တော်ပိုက်ဆံမရှိ တာတွေ အရမ်းပြောပြီး ကျွန်တော့် မှာ ဘာမှ မရှိဆိုတဲ့ ဦးညီထွဋ် သီချင်းဆိုပြီးတော့ သနားပြီးတော့ ပေးလိုက်တာလားတော့မသိဘူး။

ပွဲစဉ်တစ်လျှောက်လည်း Metal အကြမ်းစားတွေနဲ့ ပြိုင်ခဲ့တာဆိုတော့ ဒီဂီတပုံစံတွေနဲ့ပဲ ဆက်သွား မှာလား။

ဒါက ကျွန်တော့်ရဲ့ဘဝပါ။ ဘဝဆိုတာ မသိရင် အပိုကြီးပြော သလိုဖြစ်လိမ့်မယ်။ Music လုပ်နေရတာကို သဘောကျတဲ့သူဆို တော့။ အခုလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိလို့သာ ပြိုင်ပွဲဝင်ပြိုင်လိုက်တာ။ ဒီဂီတကိုပဲ ဆက်လုပ်မှာပါ။

ပြိုင်ပွဲမှာ ယှဉ်ပြိုင်တဲ့ သီဆိုမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိတော့ အဲဒီအပေါ်မှာကော ဘာ ပြောချင်လဲ။

Metal က ရန်ကုန်မှာ လူတွေ ရှိပြီးသား။ အဲဒီမှာမှ အချင်းချင်းကြားမှာ ဘယ် Band ကမိုက်တယ်တို့၊ ဘယ်ကောင် ပိုဖြုတ်တယ်ဆို ပြီး တစ်ယောက်နဲ့ တစ်ယောက် ပြိုင်တာ။ တကယ်တမ်း ဒီလိုတက်ပြိုင်လိုက်တာက Survey ကောက်သလိုတော့ ဖြစ်သွားတာ ပေါ့။ ဒီဟာကို ရွေးချယ်ပြီး တက်ပြိုင်တဲ့အခါ လူတွေဝိုင်းဆဲတာက နဂိုကတည်းက ပြင်ဆင်ပြီးသား ပါ။ ဘာဖြစ်မယ်ဆိုတာသိပြီးသား လေ။ အဲဒီအပေါ်မှာတော့ စိတ်မ ဆိုးပါဘူး။ သူတို့သိလိုက်ရတယ် ဆိုကတည်းက ကျွန်တော်ရောက်ရှိချင်တဲ့ တစ်ခုကို ရောက်သွားတာ ပေါ့။ ဆုရသွားတယ်ဆိုတော့ ပို လုပ်နိုင်မယ်ထင်တယ်။

အခုလိုဆုရသွားတာက Metal ဂီတတွေကို ပရိသတ်တွေ ပိုကြိုက် လာမယ်လို့ မျှော်လင့်မိလား။

အဲဒါနဲ့ ပတ်သက်ပြီးတော့ သိပ်မပြောတတ်ဘူး။ ကျွန်တော်တို့ သီချင်းတွေက အများကြီး ကြိုက်တဲ့ ပုံစံမဟုတ်ဘူး၊ လူနည်းစုပေါ့။ တစ်ရာမှာ နှစ်ယောက်ဖြစ်ရင်ဖြစ်မယ်။ လေးယောက်ဖြစ် ရင်ဖြစ်မယ်။ အများစုကိုလည်း မမှန်းပါဘူး။ ဘာပဲပြောပြော စိတ် ညစ်တဲ့အခါ နားထောင်လို့ရတာ ပဲဖြစ်ဖြစ်၊ ဒီဟာကို တစ်ခုခုအသုံး ချလို့ပဲဖြစ်ဖြစ် Metal ရဲ့ အရသာ က ဒါပဲလေ။ ဟင်းလိုမျိုးဆိုရင် ချိုတာရှိတယ်၊ ငန်တာရှိတယ်၊ စပ်တာရှိတယ်။ အဲဒီလိုပုံစံမျိုးမှာ အရသာတစ်မျိုး ထပ်သိလိုက် တယ်ပေါ့။ ကြိုက်လာမလား၊ မကြိုက်လာမလား ဆိုတာက တော့ သူတို့ရဲ့ ခံစားချက်အပေါ် မူတည်တယ်။

ဒီပွဲက ရတဲ့ ဆုကိုကော ဘာတွေ လုပ်ဖို့ စဉ်းစားထားလဲ။

ရတဲ့ဆုကို Show ပွဲလုပ်မယ်။ ကျွန်တော် Organization လုပ်မယ်ဆိုတာလည်း အစကတည်းက ပြောတယ်။ တကယ်လုပ်ချင်တာ။ ဖြည်းဖြည်းချင်း ဘာတွေ လုပ်နိုင်မလဲဆိုတာ။ ကျွန်တော့်တစ်ကိုယ်စာကို သုံးမှာ တော့ မဟုတ်ဘူး၊ နည်းနည်းပါး ပါးတော့ သုံးရင်သုံးမိမယ်။ များသောအားဖြင့်တော့ Organiza-tion လုပ်မယ်။ နယ်ဘက်ကို ပြန် သွားပြီး ဂီတနဲ့ ပတ်သက်တာတွေ၊ သင်တန်းပေးတာတစ်ခုခု။ အရမ်းတော်တဲ့ သူငယ်ချင်းတွေကို လိုက်ပြတာတို့၊ လူငယ်တွေကို လမ်းကြောင်းတစ်ခုခု လုပ်ပေး နိုင်တာမျိုး စဉ်းစားထားတယ်။ အဲဒါတော့ မဖွင့်ပြောသေးဘူး။ အပိုကြီးဖြစ်နေမှာစိုးလို့။

လူငယ်တွေအတွက် စဉ်းစားဖြစ် တာက ကိုယ်ဖြတ်သန်းခဲ့တဲ့ အ တွေ့အကြုံတွေကြောင့်လား။

ဟုတ်တယ်ဗျ။ လူငယ်တွေ အတွက် စဉ်းစားဖြစ်တာက ကျွန်တော်တို့ အနိုင်ကျင့်ခံရတဲ့ ကိစ္စတွေရှိတယ်။ အနိုင်ကျင့်တယ်ဆို တာက ဒီပလက်ဖောင်းတစ်ခု တည်းမှာပဲ Underground အနေနဲ့ Show ဆိုရင် ပိုက်ဆံမရတာတို့၊ တခြားကိစ္စလေးတွေရှိတယ်။ By Name နဲ့တော့ တပ်မပြောချင်ဘူး။ဒါပေမဲ့ အဲဒါကလည်း အတွေ့အ ကြုံအရပြောရရင် ဘယ်လိုလုပ် ရင် ကောင်းမယ်ဆိုတဲ့ လမ်း ကြောင်းကို ပြောင်းစဉ်းစားကြည့် လိုက်တာ။

No comments:

Post a Comment