Wednesday, June 19, 2019

ကိုပါအမေရိကပြိုင်ပွဲတွင် ကာတာနှင့်ဂျပန် မပါဝင်သင့်ဟု ပါရာဂွေးနည်းပြပြောကြား

ယခုနှစ်ကိုပါအ မေရိကဖလားပြိုင်ပွဲတွင် ဖိတ်ခေါ် အသင်းနှစ်သင်းဖြစ်သော ကာ တာနှင့်ဂျပန်တို့မပါဝင်သင့်ဘဲ အ မေရိကအသင်းများသာ ပါဝင် သင့်သည်ဟု ပါရာဂွေးနည်းပြ ဘီ ရီဇိုက ပြောသည်။ တနင်္ဂနွေနေ့က ကစားသော ကာတာနှင့်ပွဲတွင် ပါရာဂွေးကနှစ် ဂိုး ဦးဆောင်နိုင်ပြီးမှ ကာတာက အမှတ်မထင် နှစ်ဂိုးစီသရေကစား နိုင်ပြီးနာက် ဘီရီဇိုက အထက်ပါ ကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ ဂျပန်နှင့်အတူ ယခုနှစ်ပြိုင်ပွဲ တွင် ပါဝင်ရန် ဖိတ်ခေါ်ထားသည့် အာရှဖလား ချန်ပီယံကာတာက ပါရာဂွေးကို နောက်မှလိုက်ကစား ကာအဖိုးတန်သရေတစ်မှတ်ရယူ နိုင်ခဲ့သည်။



တောင်အမေရိကဘောလုံး အဖွဲ့ချုပ် CONMEBOL သည် ယှဉ်ပြိုင်မည့်နိုင်ငံများကို ဖိတ် ခေါ်သော ရာဇဝင်ရှိပြီးလာမည့် နှစ်တွင် ကိုလံဘီယာနှင့် အာဂျင် တီးနား၌ ကျင်းပမည့် ကိုပါအမေ ရိကပြိုင်ပွဲသို့ သြစတြေးလျအား ဖိတ်ခေါ်ထားသည်။ ဥရောပက မည်သည့်တောင် အမေရိကအသင်းကိုမျှ ပါဝင်ယှဉ် ပြိုင်ရန် ဖိတ်ခေါ်ဖူးခြင်း မရှိ ကြောင်းနှင့် ကိုပါအမေရိကပြိုင်ပွဲ သည် အမေရိကအသင်းများသာ ပါဝင်သင့်ကြောင်း ဘီရီဇိုကပြော သည်။ ကိုပါအမေရိကဖလား ဗိုလ်စွဲရန် ရေပန်းစားနေသော အိမ် ရှင်ဘရာဇီးက အဖွင့်ပွဲရလဒ် ကောင်းရထားစဉ် နောက်ထပ်ရေ ပန်းစားနေသော အာဂျင်တီးနား အသင်း အရှုံးနှင့်စတင်ခဲ့သည်။ ဘရာဇီးနှင့် အာဂျင်တီးနားတို့ လောက် လူအင်အားမတောင့် တင်းသော်လည်း လူးဝစ်ဆွာ ရက်ဇ်နှင့်ကာဗာနီတို့ ဦးဆောင် သည့် ဥရုဂွေးအသင်းလည်း ရေ ပန်းစားအသင်းများတွင် ပါဝင်နေ သည်။

No comments:

Post a Comment