Wednesday, June 19, 2019

တူရကီနှင့် စစ်မဖြစ်ချင်ဟု ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး ပြော

ဆီးရီးယားအနေနဲ့ တူရကီနဲ့ စစ်မဖြစ်ချင်ဘူးလို့ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး ဝါလစ် အယ်လ် မွာလမ်က ဇွန်လ ၁၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။ တရုတ်နိုင်ငံကို ၆ ရက်ကြာ ခရီးစဉ်နဲ့ ရောက်နေတဲ့ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ပူးတွဲသတင်းရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာပါ။ ဆီးရီးယားအစိုးရတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတခုကနေ အီဒလစ်ဒေသမှာရှိတဲ့ တူရကီအခြေစိုက် စခန်းတခုကို လှမ်းတိုက်ခိုက်ခဲ့တယ်လို့ တူရကီက ပြောခဲ့ပါတယ်။



ဆီးရီးယားပြည်တွင်းစစ်အတွင်း ရုရှားက ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ် ဦးဆောင်တဲ့ အစိုးရတပ်ဖွဲ့ကို ကျောထောက်နောက်ခံပေးပြီး သူပုန်အဖွဲ့ကို တူရကီနိုင်ငံက ကျောထောက်နောက်ခံ ပေးထားတာပါ။

အီဒလစ်ပြည်နယ်မှာ တိုက်ခိုက်မှုတွ လျှော့ချဖို့ ရုရှားနဲ့ တူရကီတို့ ကြားဝင်စေ့စပ်ပြီး ပြီးခဲ့တဲ့နှစ်က သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် မကြာသေးခင်လတွေက သဘောတူညီချက်ပျက်ပြီး အဲဒီဒေသမှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် သိန်းချီတဲ့ အရပ်သားတွေ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

အီဒလစ်ပြည်နယ်ဟာ ၈ နှစ်ကြာ ဆီးရီးယား ပြည်တွင်းစစ်ပွဲအပြီး သူပုန်တွေ နောက်ဆုံးခြေကုပ်ယူထားတဲ့ ဒေသလည်း ဖြစ်ပါတယ်။

No comments:

Post a Comment