Wednesday, June 19, 2019

၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်လို့ရသည့် နေရာတိုင်းဝင်ပြိုင်မည်ဟု ပြည်သူ့ပါတီ ဒုဥက္ကဌပြော

လာမည့် ၂၀၂၀ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့ပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည့် မဲဆန္ဒနယ်မြေတိုင်း၌ ဝင်ရောက်အရွေးချယ်ခံသွားမည်ဖြစ်ကြောင်း ပြည်သူ့ပါတီဒုတိယဥက္ကဌ ဦးမင်းဇေယျာက ပြောကြားသည်။ ''ပြောချင်တာက ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပြည်သူ့ပါတီကဝင်မယ်။ဝင်ပြိုင်လို့ရမယ့်နေရာတိုင်းကို ကျွန်တော်တို့ဝင်ပြိုင်မယ်'' ဟု ဒုတိယဥက္ကဌ ဦးမင်းဇေယျာက ပြောကြားသည်။



လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် ပြည်သူ့ပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မူကို တိုင်းဒေသကြီးများရှိ မဲဆန္ဒနယ်မြေများကို သာ အဓိကဦးစားပေးယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်နယ်များတွင် တိုင်းရင်းသားပါတီများအား ဦးစားပေးယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း ဒုတိယဥက္ကဌ ဦးမင်းဇေယျာက ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲအားဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွင်လည်း ဒေသခံပြည်သူများအားပေးထောက်ခံသည့် လူပုဂ္ဂိုလ်ကိုသာ ပါတီကိုယ်စားလှယ်လောင်အဖြစ်ရွေးချယ်ရန် ပါတီတွင် အခြေခံမူထားရှိထားကြောင်းနှင့် ရွေးချယ်မည့် လူပုဂ္ဂိုလ်ကို အချိန်တစ်ခုအထိ စောင့်ရမည်ဖြစ်ကြောင်း ဒုတိယဥက္ကဌ ဦးမင်းဇေယျာက ဆက်လက်ပြောကြားသည်။

''လူကတော့ စောနကပြောသလို ဒေသခံပြည်သူတွေယုံကြည်လက်ခံတဲ့လူကို ကိုယ်စားလှယ်လောင်းအဖြစ်ရွေးမယ်ဆိုတဲ့ မူကတော့ ဒါကအခြေခံမူ။လူပုဂ္ဂိုလ်တွေ ဘယ်လိုအခြေအနေမျိုးလဲဆိုတာကတော့ အချိန်တစ်ခုတော့ ကျွန်တော်တို့ စောင့်ရဦးမှာပေါ့''ဟု ဒုတိယဥက္ကဌ ဦးမင်းဇေယျာက ပြောကြားသည်။

ပြည်သူ့ပါတီမှဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းများအား ပါတီမှရွေးချယ်ခြင်းကို လာမည့် ၂၀၂၀ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment