Wednesday, June 19, 2019

ဇွန်လအတွင်း တပ်မတော်နှင့် တိုက်ပွဲခြောက်ကြိမ်ဖြစ်ပွားဟု TNLA ပြော

တပ်မတော်နှင့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) တို့ယခုဇွန်လအတွင်း တိုက်ပွဲခြောက်ကြိမ် ဖြစ်ပွားခဲ့ ကြောင်း TNLA သတင်းနှင့် ပြန် ကြားရေးတာဝန်ခံ မိုင်းအိုက် ကျော်ကပြောသည်။ TNLA အဖွဲ့တည်ရှိရာ ရှမ်း မြောက်ဒေသအပါအ၀င်တိုင်းစစ် ဌာနချုပ်နယ်မြေငါးခုတွင် တပ် မတော်က တစ်ဖက်သတ်အပစ် ရပ်ကြေညာပြီးနောက် တိုက်ပွဲ ဖြစ်ပွားမှု လျော့နည်းခဲ့သော် လည်း ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ တို့၌ တိုက်ပွဲငယ်အချို့ဖြစ်ပွား နေခြင်းဖြစ်သည်။ ‘‘ကျွန်တော်တို့ရှိတဲ့ဘက်ကို  တပ်ဘက်က ထိုးစစ်တက်လာလို့  တိုက်ပွဲက ပြန်လည်ဖြစ်ပွားတာ ဖြစ်တယ်။ တိုက်ပွဲက ဒီလထဲမှာ ခြောက်ကြိမ်လောက်ဖြစ်တယ်’’ ဟု မိုင်းအိုက်ကျော်က ဇွန်လ ၁၇ ရက်တွင်ဆိုသည်။



 တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့  အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက လည်း TNLA နှင့်တိုက်ပွဲဖြစ်ပွား မှုကို အတည်ပြုသည်။ ကွတ်ခိုင် မြို့နယ်တာမိုးညဲဒေသတွင် တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း၊ TNLA ဘက် က တပ်မတော်စစ်ကြောင်းကို  စတင်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း ၎င်းကဆိုသည်။

တစ်ဖက်တွင် TNLA အပါ အ၀င်မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန် ညှိနှိုင်းမှုများ လည်း အခက်အခဲဖြစ်ပေါ်နေ သည်။

အစိုးရ၊ တပ်မတော်နှင့် က ချင်အဖွဲ့ (KIA)၊ TNLA၊ ကိုးကန့် အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့အပစ်ရပ်စဲရေးဆွေး နွေးပွဲကျင်းပမည့် နေရာကို ညှိ နှိုင်းနိုင်ခြင်းမရှိ၍ ပြီးခဲ့သည့် မေ လအတွင်း ကျင်းပရန်စီစဉ်ထား သည့် ဆွေးနွေးပွဲရက်ကို ရွှေ့ဆိုင်း ထားခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့လေးဖွဲ့စလုံး တစ်ပြိုင်တည်းတွေ့ချင်တယ်။  နေရာကတော့ ကျွန်တော်တို့ဘက် က သွားရေးလာရေးလုံခြုံရေးရှိ တဲ့နေရာဖြစ်ချင်တယ်’’ ဟု မိုင်း အိုက်ကျော်က ပြောသည်။  ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး လုံခြုံရေးကိစ္စကို တပ်မတော်အ နေဖြင့် အာမခံချက်ပေးထား ကြောင်း၊ ယခင်ကျင်းပခဲ့သည့် ဆွေးနွေးပွဲများတွင်လည်း လုံခြုံ ရေးကျိုးပေါက်ခြင်းမရှိကြောင်း၊  လုံခြုံရေးအကြောင်းပြချက်သည် လုံလောက်မှု မရှိကြောင်းပြော ကြားထားသည်။

No comments:

Post a Comment