Wednesday, June 12, 2019

ကင်ဂျုံအွန်၏အစ်ကို ကင်ဂျုံနမ်သည် စီအိုင်အေသတင်းပေးတစ်ဦးဟု ဝေါစထရိဂျာနယ်က ဖော်ပြ

၂၀၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ အသတ်ခံခဲ့ရသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ အဖေတူအမေကွဲအစ်ကို ကင်ဂျုံနမ်သည် စီအိုင်အေသတင်းပေးတစ်ဦးဖြစ်သည်ဟု ဝေါစထရိဂျာနယ်က ဇွန် ၁၁ ရက်တွင် ဖော်ပြခဲ့သည်။ ကင်ဂျုံနမ်သည် စီအိုင်အေသူလျှိုများ နှင့် အကြိမ်များစွာတွေ့ဆုံခဲ့ဖူးသည်ဟု  ယင်းအကြောင်းအရာကို နှံ့နှံ့စပ်စပ်သိရှိသည့် ပုဂ္ဂိုလ်တစ်ဦးကို ကိုးကားပြီး ဝေါစထရိဂျာနယ်က ဖော်ပြခဲ့သည်။



မြောက်ကိုရီးယား၏ ခေါင်းဆောင်ပိုင်းကို ဆက်ခံမည့်သူဟု တစ်ချိန်က ထင်မှတ်ခံခဲ့ရသည့် ကင်ဂျုံနမ်သည် ကွာလာလမ်ပူ လေဆိပ်တွင် စောင့်ဆိုင်းနေစဉ် VX အဆိပ်ဖြင့် မျက်နှာကိုသုတ်လိမ်းခံခဲ့ရပြီးနောက် သေဆုံးခဲ့သည်။ ဝေါစထရိဂျာနယ်၏ သတင်းရင်းမြစ် ပြောစကားအရ ကင်ဂျုံနမ်နှင့် စီအိုင်အေကြားတွင် ဆက်စပ်မှုရှိသည်ဟုဆိုသော်လည်း ゞင်းနှင့် ထောက်လှမ်းရေးအေဂျင်စီတို့၏ ဆက်နွှယ်မှု အသေးစိတ်အချက်အလက်များသည် သဲကွဲမှုမရှိဟု ဂျာနယ်တွင် ဖော်ပြခဲ့သည်။

ကင်ဂျုံနမ်သည် ゞင်း၏ စီအိုင်အေ အဆက်အသွယ်နှင့်တွေ့ဆုံရန် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီတွင် မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့သော်လည်း ယင်းသည် ゞင်း၏ ခရီးစဉ်အတွက် တစ်ခုတည်းသော ရည်ရွယ်ချက် ဖြစ်နိုင်ခြေမရှိဟု သတင်းရင်းမြစ်က ဆိုသည်။

ကင်ဂျုံနမ်သည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်၌ စစ်အေးခေတ်ပုံစံ လုပ်ကြံခံရမှုဖြင့် သေဆုံးခဲ့သောကြောင့် ကမ္ဘာတစ်ဝန်း တုန်လှုပ်ခဲ့ရသည်။ ယင်းဖြစ်စဉ် နှင့်ပတ်သက်ပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့မှ အမျိုးသမီးငယ်နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး လူသတ်မှုဖြင့် စွဲချက်တင်ခဲ့သည်။ ゞင်းတို့သည် ယင်းသို့လုပ်ဆောင်ရန် မြောက်ကိုရီးယားအေးဂျင့်များ၏ လှည့်စားခြင်းခံခဲ့ရကြောင်း၊ ဖြစ်ရပ်မှန် ရုပ်သံအစီအစဉ်တစ်ခုတွင် ပြသမည့် နောက်ပြောင်ကျီစယ်မှုတစ်ခုဟု ထင်မှတ်ခဲ့ကြောင်း အဆိုပါအမျိုးသမီးနှစ်ဦးက အခိုင်အမာပြောကြားခဲ့သည်။

နောက်ဆုံးတွင် မလေးရှားအစိုးရရှေ့နေများက ゞင်းတို့ကို စွပ်စွဲထားသည့် လူသတ်မှုစွဲချက်ကို ရုပ်သိမ်းခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံသူ Siti Aisyah ကို ယခုနှစ် မတ်လနှင့် ဗီယက်နမ်နိုင်ငံသူ Doan Thi Huong ကို မေလတွင် ပြန်လွှတ်ပေးခဲ့သည်။

ယင်းတိုက်ခိုက်မှုကို မြောက်ကိုရီးယားက ညွှန်ကြားခဲ့သည်ဟု တောင်ကိုရီးယားက စွပ်စွဲခဲ့သော်လည်း မြောက်ကိုရီးယားက ငြင်းဆိုခဲ့သည်။

ဖခင်ဖြစ်သူ ကင်ဂျုံအီ၏ ရာထူးကို ဆက်ခံမည့်သူဟု တစ်ချိန်က ထင်မှတ်ခံခဲ့ရသည့် ကင်ဂျုံနမ်သည်  နိုင်ငံကူးလက်မှတ်အတုဖြင့် Disneyland သို့ သွားရောက်လည်ပတ်ရန် ကြိုးစားမှုအတွက် ၂၀ဝ၁ ခုနှစ်တွင် ဂျပန်မှ ပြည်နှင်ဒဏ်ပေးခံခဲ့ရပြီးနောက်  မျက်နှာသာပေးခံရမှု ကျဆင်းခဲ့သည်ဟု ယူဆရသည်။ ယင်းနောက် ကင်ဂျုံနမ်သည် မိမိဆန္ဒအလျောက်နိုင်ငံမှ ထွက်ခွာခဲ့ပြီး မကာအိုတွင် အများဆုံးနေထိုင်ခဲ့သည်။

နမ်သည် ဂျပန်စကားပြောတတ်ပြီး  အခမ်းအနားများစွာတွင် အခြားပြည်ပမီဒီယာများနှင့် အံ့အားသင့်ဖွယ် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။ မြောက်ကိုရီးယား၏ အုပ်ချုပ်မှုအဆက်ဆက် အာဏာလွှဲပြောင်းပေးမှု ခံယူချက်ကို ကန့်ကွက်သည်ဟု နမ်က ၂၀၁၁ ခုနှစ်တွင် ဂျပန်သတင်းစာတစ်စောင်ကို ပြောကြားခဲ့ဖူးသည်။

“မြောက်ကိုရီးယားပြင်ပမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးတော့ ပြုံယမ်းမှာလည်း နိုင်ငံရေးခြေကုပ်မရှိတဲ့ နမ်က လျှို့ဝှက်တဲ့ နိုင်ငံရဲ့ အတွင်းစည်းအကြောင်းအသေးစိတ်ကို သတင်းပေးနိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေမရှိပါဘူး” ဟု အမေရိကန်အရာရှိဟောင်းများက ပြောကြားခဲ့သည်ဟု ဝေါစထရိတွင် ဖော်ပြခဲ့သည်။

ပြုံယမ်း၏ နျူကလီးယားလက်နက်အစီအစဉ်နှင့်ပတ်သက်ပြီး အမေရိကန်နှင့် မြောက်ကိုရီးယားအကြား ဆွေးနွေးပွဲများ မဆုတ်သာမတိုးသာ ဖြစ်နေသည့်အချိန်တွင် ယင်းသတင်းထွက်လာခဲ့သည်။

No comments:

Post a Comment