Wednesday, June 12, 2019

စစ်တွေမြို့မှ သယ်ဆောင်လာသော WY ဆေးပြား လေးသိန်းခန့် မောင်တောမြို့ ရခိုင်မျိုးစောင့်အုပ်စုအမည်ရှိ စိုက်ပျိုးရေးခြံအတွင်းမှ ဖမ်းဆီးရမိ

ဓာတ်ပုံ - ရဲဇာနည် Facebookစစ်တွေမြို့မှ သယ်ဆောင်လာသော WY ဆေးပြား လေးသိန်းခန့် မောင်တောမြို့ရှိ ရခိုင်မျိုးစောင့်အုပ်စုဟု အမည်ပေးထားသော စိုက်ပျိုးရေးခြံအတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန် ၁၁ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ အဆိုပါ WY/R စာတမ်းပါ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ရခိုင်မျိုးစောင့်အုပ်စု၏ ဥက္ကဋ္ဌဌနှင့် စိုက်ပျိုးရေးခြံပိုင်ရှင် ဦးဘအေး(ခ)ခိုင်ထူး အပါအဝင် အမျိုးသားခြောက်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။


မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာအနီး မောင်တော-အငူမော် ကားလမ်းဘေးရှိ ရခိုင်မျိုးစောင့်အုပ်စု (Arakan Rakkhita Group-ARG) စိုက်ပျိုးရေးခြံရှိ ゞင်းအဖွဲ့ပိုင် စက်ပစ္စည်းများထားသည့် အဆောက်အဦအား ဇွန် ၉ ရက်တွင် ဝင်ရောက်ရှာဖွေရာ ခြံတာဝန်ခံ ကိုဟန်စိုး(၂၉)နှစ်၊ ရခိုင်/ဗုဒ္ဓ၊ (ဖ)ဦးညီချေနှင့် အလုပ်သမားကြီးကြပ် ကိုချစ်နေဝင်း (၃၀)နှစ်၊ ရခိုင်/ဗုဒ္ဓ၊ (ဖ) ဦးသန်းဝင်းတို့(၂) ဦးအားတွေ့ရှိပြီး အဆောက်အဦ အတွင်းရှိ UPGအိမ်သုတ် ဆေးပုံးခွံ(၆)ပုံးအတွင်းထည့်ထားသည့် WY/R စာတမ်းပါ စိတ်ကြွဆေးပြား (၃၉၉ ၅၅၀) ပြား (၁ပြားလျှင် ၂၀ဝ၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၇၉၉၁ သိန်း)နှင့် ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထို့နောက် ကွင်းဆက်အရ မြောက်ဦးမြို့နယ်နေ ဦးဝင်းထွန်း(၄၁)နှစ်၊ ရခိုင်/ဗုဒ္ဓ၊ (ဖ)ဦးသာပွင့်ချေ၊  ဦးဖိုးသန်း(၅၀)နှစ်၊ ရခိုင်/ဗုဒ္ဓ၊ (ဖ)ဦးလှစိန်ထွန်းနှင့် ဦးညီလေး(ခ)ညွန့်လွင်(ခ)ကိုညီ(၃၆)နှစ်၊ ရခိုင်/ဗုဒ္ဓ၊(ဖ) ဦးဘီလူးအောင်တို့(၃)ဦးအား ထပ်မံဖမ်းဆီးရမိပြီး သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို ゞင်းတို့က စစ်တွေမြို့မှတစ်ဆင့် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ဆက်လက်၍ ကွင်းဆက်အရ ကျူးလွန်သူများ ထပ်မံဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေးခြံပိုင်ရှင် ဦးဘအေး (ခ)ခိုင်ထူး၊ (၆၃)နှစ်၊ ရခိုင်/ဗုဒ္ဓ၊ (ဖ)ဦးစံရွှေဦး ARG (ရခိုင်မျိုးစောင့်အုပ်စု၏ဥက္ကဋ္ဌဌ) အား ဇွန် (၁၀) ရက်နေ့တွင် မြောက်ဦးမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဦးဘအေး (ခ)ခိုင်ထူးအား ကနဦး စစ်ဆေးချက်များအရ ゞင်းသည် ၂၀၁၄ ခုနှစ်ခန့်က မောင်တောမြို့နယ် ကင်းချောင်းကျေးရွာနှင့် ဗောဓိကုန်းကျေးရွာကြား မေယုတောင်ခြေတွင် ARG (ရခိုင်မျိုးစောင့်အုပ်စု)အား စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်ခန့်မှစ၍ အဆိုပါအဖွဲ့၏ ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင်ဦးရေ ၂၆၀ ဦးခန့်ရှိကြောင်း၊ မြောက်ဦးမြို့၌လည်း ARG (ရခိုင်မျိုးစောင့်အုပ်စု)အား တည်ထောင်ထားကြောင်း သိရှိရပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။


No comments:

Post a Comment