Monday, May 6, 2019

ဖုန်းအားသွင်းထားသည့် မီးပလပ်ပေါက် အပူလွန်ကဲရာမှ နေအိမ်မီးလောင်မှု ကျိုင်းတုံမြို့တွင် ဖြစ်ပွား

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ရပ်ကွက် (၄)၊ ပါမန်ပေါက်တိုက်ရပ်တွင် ၂၀၁၉ ခုနှစ်၊ မေလ (၅)ရက်နေ့ နံနက် (၅)နာရီဝန်းကျင်က အိမ်ရှင်များဈေးသွားရောင်းနေချိန်တွင် ဖုန်းအားသွင်းထားခဲ့ရာမှ နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။ ပါမန်ပေါက်တိုက်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း ကျိုင်းတုံမြို့မရဲစခန်းသို့ နံနက် (၅)နာရီ (၁၀)မိနစ်တွင် အကြောင်းကြားသဖြင့် မီးသတ်တပ်ဖွဲ့နှင့်အတူ မီးလောင်မှုဖြစ်ပွားရာသို့ သွားရောက်ငြှိမ်းသတ်ကြရာ နံနက် (၅)နာရီခွဲအချိန်၌ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း သိရသည်။


မီးလောင်သည့်နေအိမ်မှ အိမ်ရှင် ဦးစိုင်းယီတွီနှင့်ဇနီးတို့က နံနက် (၄)နာရီခွဲအချိန်တွင် သစ်သီးရောင်းရန် ထွက်ခွာသွားခဲ့ကြခြင်းဖြစ်ပြီး နေအိမ်အောက်ထပ်တွင် ဖုန်းအားသွင်းထားခဲ့ရာမှ မီးပလပ်ခုံအပူလွန်ကဲကာ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။ မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ရှင်အား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၄၈၇/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

No comments:

Post a Comment