Monday, May 6, 2019

ဗုံးခွဲတိုက်ခိုက်မှုများပေါ်ပေါက်ခဲ့အပြီး အစ္စလာမ်မစ် တရားဟောဆရာ ၂၀၀ ခန့် ကို သီရိလင်္ကာ နှင်ထုတ်

ဒေသတွင်း ဂျီဟတ်အုပ်စုတစ်ခုရဲ့လက်ချက်လို့  ပြစ်တင်စွပ်စွဲထားတဲ့ အီစတာပွဲတော်နေ့  ခရစ်ယာန်ဘုရားကျောင်းတွေ ဗုံးခွဲတိုက်ခိုက်မှုပေါ်ပေါက်ခဲ့အပြီးမှာ အစ္စလာမ်မစ် တရားဟောဆရာ ၂၀၀ ခန့် အပါအ၀င် နိုင်ငံခြားသား ၆၀၀ လောက်ကို သီရိလင်္ကာအစိုးရက နိုင်ငံမှ နှင်ထုတ်ခဲ့ကြောင်း အစိုးရ၀န်ကြီးတစ်ဦးက မေ ၅ ရက်နေ့ မှာ ပြောဆိုခဲ့ပါတယ်။



နှင်ထုတ်ခဲ့တဲ့ ဗလီဆရာတွေဟာ နိုင်ငံတွင်း တရားဝင် ၀င်ရောက်ခဲ့တာဖြစ်ပေမယ့် တိုက်ခိုက်မှုတွေဖြစ်အပြီး လုံခြုံရေးအရ စစ်ဆေးရှာဖွေမှုတွေလုပ်ခဲ့ရာမှာ ၄င်းတို့ ရဲ့ဗီဇာသက်တမ်းကျော်လွန် နေထိုင်နေတာကို စစ်ဆေးတွေ့ ရှိခဲ့တာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗာဂျီရာ အဘေ၀ါဒီနာက ပြောဆိုပါတယ်။ ယင်းအတွက် ၄င်းတို့ ကို ဒဏ်ငွေချမှတ်ခဲ့ကာ နိုင်ငံမှ နှင်ထုတ်ခဲ့တာဖြစ်ကြောင်း ၄င်းက ပြောဆိုပါတယ်။ နိုင်ငံရဲ့လက်ရှိ အခြေအနေအရ မိမိတို့ အနေနဲ့  ဗီဇာစနစ်ကို ပြန်လည်သုံးသပ်ခဲ့ကာ ဘာသာရေးကျောင်းဆရာတွေအတွက် တင်းကျပ်တဲ့ ဗီဇာ အကန့်အသတ်တွေ ထားရှိဖို့  ဆုံးဖြတ် ခဲ့ကြောင်းလည်း ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ နှင်ထုတ်ခဲ့သူတွေထဲမှာ အစ္စလာမ်မစ် ဗလီဆရာ ၂၀၀ ခန့် ပါတယ်လို့ လည်း ၄င်းက ဆိုပါတယ်။

တနင်္ဂနွေနေ့  အီစတာပွဲတော် အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် လူ ၂၅၇ ဦး သေဆုံးခဲ့ကာ ၅၀၀ နီးပါးဒဏ်ရာရခဲ့ပါတယ်။ ဒေသတွင်း တရားဟောဆရာတစ်ဦးဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံကို သွားရောက်ပြီး ယင်းနေရာက ဂျီဟတ်တွေနဲ့ ဆက်သွယ်ကာ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုတွေကို ဦးဆောင် စီမံခဲ့တာဖြစ်ကြောင်း သိရပါတယ်။
နှင်ထုတ်ခံခဲ့ရသူတွေ မည်သည့်နိုင်ငံသားတွေဆိုတာကို ပြည်ထဲရေးဝန်ကြီးက ထုတ်ပြောခဲ့ခြင်း မရှိပေမယ့် ဗုံးခွဲတိုက်ခိုက်မှုတွေဖြစ်ပြီးနောက်ပိုင်းထိ ဗီဇာသက်တမ်းလွန်နေထိုင်ကြတဲ့ နိုင်ငံခြားသားများစွာဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မော်လ်ဒိုက်နဲ့  ပါကစ္စတန်နိုင်ငံတို့ မှဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ က ပြောဆိုခဲ့ပါတယ်။

No comments:

Post a Comment