Monday, May 6, 2019

လေဆိပ် ၃ ခုအဆင့်မြှင့်တင်ရေးလက်ရှိတွင် စတင်နိုင်ခြင်းမရှိသေး

ပြည်တွင်းရှိ လေဆိပ် ၃ ခုဖြစ်သော ဟဲဟိုးလေဆိပ်၊ ကော့သောင်းလေဆိပ်နှင့် မော်လမြိုင်လေဆိပ်တို့ အဆင့်မြှင့်တင်ရေးနှင့်ပတ်သက် ၍ လက်ရှိတွင် လုပ်ကိုင်ခွင့်ရရှိသောကုမ္ပဏီများနှင့်စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြည်တွင်းလေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ သိရသည်။ အဆိုပါလေဆိပ်များအဆင့်မြှင့်တင်ပြီးပါက နိုင်ငံတကာမှ လေယာဉ်များတိုက်ရိုက်ဆင်းသက်နိုင်မည်ဖြစ်ကြောင်း သိရသည်။



“လောလောဆယ်တင်ဒါရွေးတဲ့အဆင့်ကတော့ ပြီးသွားပြီ။ စာချုပ်ချုပ်ဆိုဖို့အတွက် ပြင်ဆင်နေတယ်။ အဲဒီအတွက်လည်း ကုမ္ပဏီတစ်ခုချင်းစီနဲ့ ဆွေးနွေးနေတယ်။ လတ်တလောတော့ မစတင်နိုင်သေးဘူး”ဟု ပြည်တွင်းလေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။

ဟဲဟိုးလေဆိပ်အတွက် KBZ Group၊ ကော့သောင်းလေဆိပ်အတွက် Golden Myanmar Airlines Public ကုမ္ပဏီနှင့် မော်လမြိုင်လေဆိပ်အတွက် Hinthar Group တို့မှ ရရှိထားကြောင်း သိရသည်။

အဆိုပါလေဆိပ်များကိုအဆင့်မြှင့်တင်ရာတွင် ပထမအဆင့်၌ ဟဲဟိုးလေဆိပ်အတွက် ကန်ဒေါ်လာ သန်း ၄၀၊ ကော့သောင်းလေဆိပ်အတွက် ကန်ဒေါ်လာ ၃၆ သန်းနှင့် မော်လမြိုင်လေဆိပ်အတွက် ကန်ဒေါ်လာ သန်း ၂၀ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ပြည်တွင်း၌ လေဆိပ်ပေါင်း (၆၉) ခုရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်(၃)ခုနှင့် ပြည်တွင်းလေဆိပ်(၃၁)ခု တို့တွင် လေယာဉ်များဆင်းသက်အသုံးပြုနေကြောင်း သိရသည်။

No comments:

Post a Comment