Monday, May 6, 2019

ပရီးမီးယားလိဂ်ဆုဖလားဆွတ်ခူးရေး ကံကြမ္မာက ဆုံးဖြတ်မည်ဟု လီဗာပူးနည်းပြပြောကြား

လူစားဝင်တိုက်စစ်မှူး အိုရီဂီ၏ နောက်ကျအနိုင်ဂိုးဖြင့်  နယူးကာဆယ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရကာ အမှတ်ပေးဇယား၌ ပြန်လည် ဦးဆောင်ခွင့်ရပြီး နောက် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ရေး ကံကြမ္မာက အ ဆုံးအဖြတ်ပေးမည်ဟု လီဗာပူး နည်းပြဂျာဂန်ကလော့ပ်က ပြော သည်။ ၉၂ မှတ်ရရှိထားသော မန် စီးတီးက လက်စတာ၊ ဘရိုက်တန် တို့နှင့် ကစားရန်ကျန်သေးသော် လည်း ၉၄ မှတ်ရထားသည့် လီ ဗာပူးက ၀ုဖ်လ်ဗာဟမ်တန်နှင့် တစ်ပွဲသာ ကျန်တော့သဖြင့် ပရီး မီးယားလိဂ် အဆုံးအဖြတ်ကို ရာ သီ နောက်ဆုံးပွဲစဉ်အထိ စောင့် ကြည့်ရမည်ဖြစ်သည်။



‘‘ကျွန်တော်တို့ တတ်စွမ်း သမျှ အရာအားလုံး လုပ်ခဲ့တယ် လို့ ဟိုးအရင်ကတည်းက လက်ခံ ပြီးသားပါ။ ကွင်းထဲမှာ ကစားသ မားတွေက အစွမ်းကုန်ပေးဆပ်ခဲ့ ပါတယ်။ ဒါကြောင့် ပရီးမီးယား လိဂ်ချန်ပီယံဖြစ်၊ မဖြစ်က ကံ ကြမ္မာကပဲ ဆုံးဖြတ်ပါလိမ့်မယ်၊ ကျွန်တော်တို့ တတ်စွမ်းသမျှလုပ် ခဲ့တယ်၊ ဒီထက်ပိုပြီး မတတ်နိုင် ဘူး၊ အံ့သြဖို့ကောင်းလိုက်တဲ့ ပြိုင်ပွဲပါဗျာ’’ဟု ကလော့ပ်က ပြောသည်။  ‘‘ကျွန်တော် ဖိအားမခံစားရ ပါဘူး။ ချန်ပီယံဖြစ်တယ်ဆိုရင် လည်းချန်ပီယံဖြစ်တယ်ပဲပေါ့၊ အ ကောင်းဆုံး စွမ်းဆောင်ပြနိုင်တဲ့ အခါ ဖိအားမခံစားရနိုင်ပါဘူး’’ဟု ကလော့ပ်က ထပ်လောင်းပြော သည်။

‘‘အခုတော့ ရာသီပိတ်ပွဲအ ထိ မျှော်လင့်ခွင့်ရသွားတာပေါ့’’ ဟု အနိုင်ဂိုးရှင် အိုရီဂီက ပြော သည်။ နည်းပြပိုချက်တီနို၏စပါးက ၄၃ မိနစ်တွင် ဆွန်ဟောင်မင်နှင့် ၄၈ မိနစ်တွင် ဖွိုက်သ်တို့ တိုက် ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရ ပြီး နာကျင်အချိန်ပိုရောက်မှဘုန်းမောက်ကို တစ်လုံးတည်းသော အနိုင်ဂိုးခွင့်ပြုခဲ့ရသည်။

လိဂ်နောက်ဆုံးလေးပွဲတွင် တစ်ပွဲသာ နိုင်ပွဲရှာတွေ့သော စပါးသည် ယင်းရလဒ်ကြောင့် တစ်ပွဲလျော့ ချဲလ်ဆီးထက် နှစ် မှတ်အသာ ၇၀ မှတ်ဖြင့် အဆင့် (၃) ၌ရှိနေသည်။ သို့သော် ချန်ပီယံလိဂ်ဝင်ခွင့် ရရန် စပါးသည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိသေးပြီး  အကယ်၍ ထိပ်ဆုံးလေးသင်းစာရင်း ၀င် ရောက်လိုပါက အဲဗာတန်နှင့်ရာ သီပိတ်ပွဲ၌ မဖြစ်မနေအနိုင်ရရန် လိုအပ်သည်။

No comments:

Post a Comment