Monday, May 6, 2019

တက္ကသိုလ်နှင့်ကောလိပ် ၁၁၆ ခုမှ ဖိတ်ခေါ်စာရရှိသူ နယူးအော်လင်း ကျောင်းသူ

နယူးအော်လင်းပြည်နယ်က အထက်တန်း စီနီယာကျောင်းသူ တဦးဟာ သူ့ဘဝအတွက်အရေးပါတဲ့ ဆုံးဖြတ်ချက်များစွာထဲက တချို့ကို မကြာခင်မှာ ချမှတ်ရပါတော့မယ်။ အကြောင်းကတော့ သူမဟာ နိုင်ငံတဝန်းလုံးမှာရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်ပေါင်း ၁၁၆ ခု ဆီကနေ ကျောင်းသားအဖြစ် လက်ခံကျောင်း အကြောင်းကြားစာတွေ ရရှိထားလို့ပဲ ဖြစ်ပါတယ်။ ဒီကျောင်းသူလေးဟာ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ အန်တိုနက်တီ လက်ဗ်ပဲဖြစ်ပါတယ်။


သူမဟာ နယူးအော်လင်း နိုင်ငံတကာ အထက်တန်းကျောင်းကနေ တက္ကသိုလ် ကျောင်းသူဘဝကို ကူးပြောင်းတော့မှာဖြစ်ပြီး နောက်ထပ် တက္ကသိုလ်ပေါင်း ၁၁ ခုဆီကနေလည်း ကျောင်းသားအဖြစ် လက်ခံကျောင်း ဖိတ်ခေါ်စာတွေရရှိတော့မှာဖြစ်ပါတယ်။

လက်ဗ်ကတော့ မူလတန်းသင်ပညာရေး ဘာသာရေးကို မေဂျာဘာသာအဖြစ်ယူဖို့ စီစဉ်ထားပြီး ကျောင်းသားအဖြစ် ဖိတ်ခေါ်စာတွေနဲ့အတူ ဒေါ်လာ ၃ ဒသမ ၇ သန်းကိုလည်း စကောလားရှစ်ပေးမယ်လို့ အဆိုပြုခံထားရသူ ဖြစ်ပါတယ်။

“ကျမဒီကျောင်း လျောက်လွှာတင်တာတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလကနေ စပြီးလုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျမတို့အိမ်ရှေ့က စာတိုက်ပုံးသေးသေးလေးဟာ ကျောင်းသားအဖြစ် လက်ခံလွှာတွေ၊ စကောလားရှစ် အဆိုပြုလွှာတွေနဲ့ ပြည့်သွားခဲ့ပါတော့တယ်” လို့ လက်ဗ်က ပြောပါတယ်။ လက်ဗ်ဟာ ကျောင်းပေါင်းများစွာကို ဆက်တက်လျှောက်လွှာတင်ခဲ့တာဖြစ်ပြီး အဲဒီထဲက ကျောင်းတိုင်းနီးပါးဟာလည်း သူမကို လက်ခံခဲ့တဲ့ပုံပါ။

သူမဟာ GPA အမှတ် ၃ ဒသမ ၅ ရရှိထားသူဖြစ်ပြီး Delgado Community ကောလိပ်မှာ ပညာသင်နှစ်ဝက်နှစ်ခုစာ စာရင်းပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ National Senior Beta Club၊  National Honor Society၊ National English Honor Society နဲ့ Rho Kappa National Social Studies Honor Society တို့မှာလည်း ဝင်ခွင့်ရရှိထားသူဖြစ်ပါတယ်။

“ဒါက အိမ်မက်တွေ တကယ်ဖြစ်လာခဲ့တာပါ။ ဒါဟာ ပညာရေးနဲ့ပတ်သက်တဲ့ ကျမရဲ့ကြိုးစားမှုအတွက် ပြန်လည်အသိအမှတ်ပြုခံရမှုလည်း ဖြစ်ပါတယ်။ ကျမကောလိပ် ကျောင်းသူဖြစ်ဖို့ကို မစောင့်နိုင်တော့ပါဘူး” လို့လည်း သူမက ဆက်လက်ပြောဆိုပါတယ်။

No comments:

Post a Comment