Monday, May 6, 2019

မန္တလေးတွင် ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး လှုပ်ရှားမှု ပြုလုပ်

ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးမှုများကို မန္တလေးမြို့ရှိ နေရာ ၅ ခုတွင် မေလ ၆ ရက်မှ ၁၂ ရက်နေ့အထိ အသိပညာပေးလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ရာ ၂၀၁၉ ခုနှစ် ၊ မေလ ၆ ရက်၊နံနက်ပိုင်း တွင် က.ည.န ရုံးတွင်းနှင့် ရုံးအရှေ့ သိပ္ပံလမ်းပေါ်တွင် ပညာပေးစတေကာ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့စဉ်။



အသိပညာပေးလှုပ်ရှားမှုအဖြစ် ယာဉ်စည်းကမ်း၊ အသိပညာပေး လှုပ်ရှားမှုများကို မေလ ၇ ရက်နေ့တွင် ကျွဲဆည်ကန် ကားကြီးကွင်းအဝင်လမ်း၊ မေ ၈ ရက်နေ့တွင် မင်္ဂလာမန္တလေးအရှေ့၊ ၉ ရက်နေ့တွင် ကျွဲဆည်ကန်ကားကြီးကွင်းနှင့် ၁၁ ရက်နေ့တွင် တံခွန်တိုင် Toll Gateများတွင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လှုပ်ရှားမှု အဖြစ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေး Slogan Sticker များကို ကားများတွင် ကပ်ပေးခြင်း၊ မော်တော်ဆိုင်ကယ်များတွင် ပညာပေးစတေကာများကပ်ပေးခြင်း၊ အသိပညာပေး ပန်းဖလပ်များဝေငှခြင်း စသည်တို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment