Monday, May 6, 2019

ထိုင်းဘုရင် နန်းတက်ပွဲ နိုင်ငံတဝန်းမှ ပြည်သူများ ကြည့်ရှု

Image may contain: 8 people, people smiling, outdoorထိုင်းနိုင်ငံတဝန်းက ပြည်သူတွေဟာ မြို့တော်ဘန်ကောက်က နန်းတော်အပြင်ဘက်မှာ မေလ ၅ ရက်မနက်က စုဝေးခဲ့ကြပြီး ထိုင်းဘုရင် မဟာဝဇီရာ လောင်ကွန်းရဲ့ ၃ ရက်ကြာ နန်းတက်ပွဲကို ကြည့်ခဲ့ကြပါတယ်။ တချို့ကတော့ ပွဲမစခင် လုံခြုံရေးစစ်ဆေးခံဖို့ ညအိပ်ရင်း တန်းစီစောင့်ခဲ့ကြတာပါ။ “ဘုရင်ကို ဘယ်လောက်ကိုးကွယ်လဲဆိုတာ ကမ္ဘာကိုပြဖို့ ဒီနေရာမှာ ရှိနေဖို့လိုတယ်လို့ ထင်တယ်။ ဒါက ၆၉ နှစ်မှတခါ ကျင်းပတဲ့ သမိုင်းဝင်ပွဲလေ” လို့ ပြည်သူတယောက်က ပြောပါတယ်။
ပွဲတော်လမ်းကြောင်းဟာ နန်းတော်ကနေ ဘုရင်သွားရောက်ဝတ်ပြုမယ့် တော်ဝင် ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းထိ လေးမိုင်ရှည်ပါတယ်။ တနင်္လာနေ့မှာမွေးတဲ့ ဘုရင် မဟာဝဇီရာလောင်ကွန်းကို ကိုယ်စားပြုတဲ့ အရောင်အတိုင်း လူပင်လယ်ကြီးဟာ အဝါရောင်ဝတ်စုံတွေ ဝတ်ထားပါတယ်။ ၃ ကြိမ် ကွာရှင်းထားတဲ့ စည်းမျဉ်းခံဘုရင်ဟာ သက်တော်စောင့်တပ်မှူး ဗိုလ်ချုပ်ကြီး ဆုထိဒါကို လေးကြိမ်မြောက် လက်ထပ်ကြောင်း ရုတ်တရက် ကြေညာအပြီး နောက်နေ့မှာ မိဖုရားအဖြစ် တင်မြှောက်ခဲ့ပါတယ်။

No comments:

Post a Comment