Monday, May 6, 2019

သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများပြုပြင်ရန် ကာကွယ်ရေးဝန်ကြီးဌာနက အရေးပေါ်ရန်ပုံငွေမှ ကျပ် ၃၁၈.၀၆၆ သန်းသုံးစွဲရန် ပြည်ထောင်စုလွှတ်တော် မှတ်တမ်းတင်

သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများပြုပြင်ရန်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အရေးပေါ်ရန်ပုံငွေမှ ခွဲဝေသုံးစွဲမည့် ကျပ် ၃၁၈. ၀၆၆သန်းအား မှတ်တမ်းတင်အတည်ပြုပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ် ကတင်ပြခဲ့သည်။ ၂၀၁၈-၂၀၁၉ခုနှစ် ဘဏ္ဍာရေးနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ကာကွယ်ရေးဝန်ကြီးဌာန၏ သုံးစွဲငွေ ၃၁၈.၀၆၆သန်း ခွဲဝေသုံးစွဲထားမှုကို လွှတ်တော်ကမှတ်တမ်းတင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက က ကြေညာခဲ့သည်။



၂၀၁၈ခုနှစ် မတ်လနှင့် ဧပြီလများတွင် ဖြစ်ပေါ်ခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် အဆောက်အအုံ ၁၂၄ လုံးနှင့် ဆက်စပ်လုပ်ငန်း ၃၀ ခုပျက်ဆီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများသည် ကြိုတင်မသိမြင်နိုင်သော ရုတ်တရက်ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးဒဏ် အမျိုးအ စား ဖြစ်သောကြောင့် ဘဏ္ဍာငွေလျာထားချက်မရှိသဖြင့် ပျက်စီးမှုများ ပြန်လည်ပြုပြင်ရန်အတွက် ကျပ် ၃၁၈.၀၆၆ သန်းအား အရေးပေါ် ရန်ပုံငွေမှ ကျခံသုံးစွဲခွင့်ရရှိရေး တင်ပြဆောက်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ သောကြာနေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အမှတ်စဉ် ၂၃/၂၀၁၈ အရ သဘောတူပြီးဖြစ်သဖြင့် ၂၀၁ ၉ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ကာကွယ်ရေး ၀န်ကြီးဌာန အနေဖြင့် ခွဲဝေသုံးစွဲမည့် ကျပ် ၃၁၈.၀၆၆သန်းအား ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင် အတည်ပြုပေးနိုင်ရန် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်က တင်ပြခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment