Monday, May 6, 2019

မော်လမြိုင်-သံဖြူဇရပ် (BOT) စနစ်လမ်းပိုင်းအား ပြည်နယ်အစိုးရနှင့်အဖွဲ့အစည်းတို့မှ စိစစ်ပြီး အချိန်မီပြုပြင်ပေးရန်တိုက်တွန်းကြောင်းအဆို တင်သွင်း

BOT စ နစ်ဖြင့် ဆောင်ရွက်နေသော မော် လမြိုင်-သံဖြူဇရပ်လမ်းပိုင်းအား အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အ စည်းများက အချိန်မီပြုပြင်ပေးရန် တိုက်တွန်းကြောင်း အဆိုကို သထုံ မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက မေ ၃ ရက် တွင် ဆက်လက်ကျင်းပနေသည့် (၁၃)ကြိမ်မြောက် မွန်ပြည်နယ် လွှတ်တော်ပုံမှန်အစည်းအဝေး တွင် တင်သွင်းကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းတွင် လမ်း အရည်အသွေးပြည့်မီခြင်းမရှိ၍ မော်တော်ယာဉ်တိုက်မိမှုများ မကြာ ခဏဖြစ်ပွားနေကြောင်း၊ မွန်ပြည် နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောင် ရွက်ခဲ့သည့် သံဖြူဇရပ်-ရေး လမ်း ပိုင်းနှင့်နှိုင်းယှဉ်ပါက အရည်အသွေး နိမ့်နေကြောင်း ပြည်သူများ၏ သုံးသပ်ပြောဆိုမှုအရ သိရသည်။
""ပြည်သူတွေရဲ့ အသက် အန္တရာယ်ဖြစ်နေတာကြောင့် အခု လိုလွှတ်တော်မှာ အဆိုတင်ရခြင်း ဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနကို မေးမြန်းတဲ့အခါ မုဒုံ-မော်လမြိုင် လမ်းကြောင်းမှာ တစ်နေ့ယာဉ်အ စီးရေ ၄၀ဝ၀ နဲ့ ၅၀ဝ၀ ကြားသွား လာနေတဲ့အတွက် လမ်းအကျယ် ၄၈ ပေ လေးလမ်းသွား ခင်းကိုခင်း ပေးရမယ်။ မခင်းပေးဘူးဆိုရင်အ ရေးယူမှုအပိုင်းတွေဆက်လုပ်လို့ရ တယ်""ဟု ဦးအောင်ကျော်သူက ပြောသည်။

မော်လမြိုင်ဈေးကြိုရပ်မှ ဖားအောက်အထိ လမ်းအကျယ် မှာ ပေ ၅၀ ခန့်ရှိသော်လည်း အ လယ် ၂၄ ပေကိုသာ နိုင်လွန်ကတ္တ ရာခင်းထားသည့်အတွက် ယာဉ် များအနေဖြင့် နိုင်လွန်ကတ္တရာ လမ်းပေါ်တက်မောင်းကြခြင်း၊ ခင်း ထားသည့်အပိုင်းမှာ မြင့်နေသဖြင့် လမ်းပေါ်တွင် ယာဉ်ကြီးနှင့်ယာဉ် ငယ်များ(ဆိုင်ကယ်အပါအဝင်) ကျော်တက်ရာတွင် အခက်အခဲဖြစ် ပြီး တိမ်းမှောက်မှုဖြစ်စဉ်များဖြစ် ပေါ်နေကြောင်း သိရသည်။
မော်လမြိုင်-သံဖြူဇရပ်လမ်း ပိုင်းမှာ အရှည် ၃၇ မိုင်ရှိပြီး AK အေးကို မိသားစုဆောက်လုပ်ရေး ကုမ္ပဏီမှ ၂၀၁၁ ခုနှစ်မှစတင်ပြီး BOT (Build, Operate, Trans-fer) တည်ဆောက်လုပ်ဆောင်လွှဲ ပြောင်း စနစ်ဖြင့်လုပ်ကိုင်ခွင့်ရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment