Monday, May 6, 2019

ရွာအံ့ရွာလတ္တံ့သော မိုးတွေ

(တစ်) ပူတယ်ဆိုတာ ဘယ်တော့မှ မကောင်းဘူး။ ကျောပူသတဲ့။ နား ပူသတဲ့။ ရင်ပူသတဲ့။ ခေါင်းပူသ တဲ့။ ကြွေးပူသတဲ့။ စိတ်ပူသတဲ့။ ဘယ့်နှယ်ရှိစ။ ကောင်းသလား မေးရင် မကောင်းဘူးပဲ ဖြေကြမှာ ပ။ေ ဟာ အခုကြည့် တောပူပြီ ဆိုလား။ ဂလိုဘယ်ဝမ်းမီး (Global Warming) ဟူ၍။ က လိုင်းမိတ်ချိန်း (Climate Chan-ge) ဟူ၍။ အသံတွေကြားနေရပါရဲ့။ ဂလိုဘယ်ဝမ်းမီးဆိုတော့ ကမ္ဘာကြီးပူနွေးလာတာပေါ့။ ကလိုင်းမိတ်ချိန်းဆိုတော့ ရာသီဥတုပြောင်းလဲလာတာပေါ့။ ဘယ်တတ်နိုင်ပါ့မလဲ။ ကမ္ဘာနဲ့ တစ်ဝန်း လွှမ်းခြုံပြီးဖြစ်နေတဲ့ ပြဿနာဥစ္စာ။ ကမ္ဘာတစ်ခုလုံး အပူရှိန်တွေ တလျှပ်လျှပ်နဲ့တက်နေတဲ့ ဥစ္စာ။



စုံနံ့သာမြိုင်ကလည်း ဘာ သားနဲ့ထုထားတာမို့လို့လဲ။ ပူမှာ ပေါ့။ ပူပြီပေါ့။ တောခွေးတွေ ကြည့်တာနဲ့ သိသာလှပြီပဲဥစ္စာ။ တောခွေးမှန်သမျှ လျှာကြီးတွေ တစ်လစ်ထွက်လို့ ဟောဟဲ ဟော ဟဲ ဖြစ်နေကြပြီး တစ်ခါမှပြန်မ ဝင်တော့တာပဲ ဆယ်စုနှစ်တွေ စွန်းခဲ့ပါပေါ့။ ဘယ်တိရစ္ဆာန်မှ စောင်မခြုံတော့ဘူး။ ဘယ်သတ္တ ဝါမှ အနွေးထည်မဝတ်တော့ဘူး။ ဘယ်ခွေးတစ်ကောင် ကြောင် တစ်မြီးမှ မီးမလှုံတော့ဘူး။

အဲသဟာကို တောပူတယ် ပြောတာ။ စုံနံ့သာမြိုင်ပူတယ်လို့ ဆိုလိုတာ။

(နှစ်) တစ်ရက် နွေနှောင်းညနေ ခင်းကလေး တစ်ခုမှာ သတ္တဝါမျိုး စုံ စုပြုံအုံခဲပြီး ဘာသံမှမထွက်ဘဲ ပကတိတိတ်ဆိတ်ငြိမ်သက်ကာ ဝိုင်းကြည့်နေကြတာကြောင့် ဘ ဇာများပါလိမ့်ဆိုပြီး စူးစမ်းတဲ့စိတ် ကလေးနဲ့ တိုးဝှေ့ကြည့်မိတော့ ရေကန်ကြီး။ ဟုတ်တယ်။ စုံနံ့သာ မြိုင်တောအလယ်က ရေကန် ကြီး။ တောသတ္တဝါ ပေါင်းစုံ သောက်သုံးကြတဲ့ ရေကန်ကြီး။

ကြည်လင်အေးမြကာ ရေ တွေဖောင်းကန်နေရုံမက ကြာပင် တွေနဲ့ စိမ်းလန်းနေတဲ့ ရေကန် ကြီး။ အခုအံ့အာသရဲ ဖြစ်စရာ ကောင်းလွန်းလှပါဘိ။ ရေတစ် ပေါက်မှ မရှိတော့။ ပကတိခန်း ခြောက်ကာ ပပ်ကြားတွေအက် လို့။ ပပ်ကြားအက်ကလေးတွေ ကြွပ်ရွကော့ပျံနေပုံဟာ မုန့်ကြွပ် ကလေးတွေ အကွက်ချပြီး တန်း စီထားပုံနဲ့တောင် တူလွန်းလှပါ ဘိ။ ကြာပင်တွေကတော့ ကြက် ပျောက်၊ ငှက်ပျောက်။

သြော်... တောရာဇဝင်အ ဆက်ဆက် အဘယ်သို့သော ကာ လကမှ မခန်းခြောက်ဖူးခဲ့တဲ့ တောဂုဏ်ဆောင်ကန်ကြီး နေ့ ချင်း၊ ညချင်း ရေတစ်ပေါက်မှ မ ကျန်ရလေအောင် ခန်းခြောက် သွားပြီဆိုတော့ကာ သတင်းသံ့သံ့ ကလေးကြားရုံနဲ့ တောသတ္တဝါမှန် သမျှ အပြေးအလွှားလာကြည့်ကြ တဲ့အခါ ရင်ဆို့စရာရေကန်ကြီးရဲ့ ဈာပနမြင်ကွင်းကိုလည်း မြင် ကွင်းကိုလည်း မြင်ရော ငြိမ်ကျ သွားကြပါလေရော။ တဖြည်းဖြည်းနဲ့ ကန်ဘေးမှာ သတ္တဝါတွေ အုံပြီးရင်းအုံ ခဲပြီးရင်းခဲလို့။

‘‘အိမ်း...ငါတို့လက်ပံတော မှာ ရေတွင်းတွေ ရေမခပ်ရတော့ ဘူး။ ခန်းကုန်ပဟ’’

‘‘အဲ... ကျုပ်လည်းအဲဒါပြော ချင်တာ။ ကျုပ်တို့သရက်ချောင် မှာ အဝီစိတွင်းတွေ တူးကြတာ ပေတစ်ရာအထိ တူးတာတောင် ရေမထွက်ဘူး။ ထွက်တဲ့တွင်းကျ တော့ ရေတွေကအဆီတွေဝေ့ လို့’’

‘‘မိုးကမှ ဟုတ်တိပတ်တိ မ ရွာတာကိုး။ မိုးခေါင်တာပဲ ဆယ် နှစ်စွန်းခဲ့ဥစ္စာ’’

ဟိုသတ္တဝါ သည်သတ္တဝါ တွေဆီက တိုးတိုးတိုးတိုးထွက် လာတဲ့ အသံကလေးတွေကဖြင့် ညည်းချင်းတွေချည်းပါပဲ။ စိတ် ပျက်လက်ပျက်။ အားလျော့ အား ပျော့။ ရေကန်ကြီးကို ကျောခိုင်း ကာ ပြန်ထွက်လာကြတဲ့ တော သတ္တဝါအပေါင်းက ခေါင်းငိုက် စိုက်။

လောကအပူတက်စဉ်မှာ တောဘဝဆူပွက်ခဲ့ချေပြီတည့်။

(သံုး)ေ ရ...ေရ...ေရ။

ဟုတ်ပါရဲ့ ရေ။ လောက ဓာတ်တစ်ဝန်းမှာ တောတစ်စက် လန်းဖို့ဆိုတာက ရေလိုပါတယ်။ ရေရဖို့ရာ မိုးရွာရပေမှာပေါ့။ တောသာရင် မိုးကလာချင်တယ် ဆိုလား။

အိန္ဒိယမှာ ၂၀၁၆ တုန်းက လူရှစ်သိန်းက နှစ်ဆယ့်လေးနာရီ တိတိ သစ်ပင်တွေစိုက်ထည့်လိုက် တာ အပင်ပေါင်းသန်းငါးဆယ် တဲ့။ အခုဆို စိမ်းညို့လို့။ ပါကစ္စ တန်က ၂၀၁၈ မှာ သစ်ပင်တစ် ဆယ်ဘီလီယံစိုက်သတဲ့။ ရာသီ ပူကို တွန်းလှန်ဖို့။ တရုတ်မှာ သစ် ပင်စိုက်။ ကနေဒါမှာ သစ်ပင် စိုက်။ မလေးရှားမှာ သစ်ပင်စိုက်။ ဘူတန်မှာ သစ်ပင်စိုက်။ ဇင်ဘာ ဘွေမှာ သစ်ပင်စိုက်။ စင်ကာပူ မှာ သစ်ပင်စိုက်။ အိုင်ယာလန်မှာ သစ်ပင်စိုက်။ ဂါနာမှာ သစ်ပင် စိုက်။ စိုက် စိုက် စိုက်။

တောနဲ့မိုးကို ညှို့အံ့။ မိုး ကောင်းမှ မြစ်ချောင်းအင်းအိုင် ရေတွင်းရေကန် ရေတွေလျှံမ ပေါ့။

အဲ... စုံနံ့သာမြိုင်ကလည်း ရာသီပူကို တွန်းလှန်ဖို့ ချက်ချင်း ဆိုသလို ပြင်ဆင်ပါတယ်။ တော သတ္တဝါတွေ စုပေါင်းအားနဲ့ မိုး လေဝသမှန်ကာ ခန်းသွားတဲ့ရေ တွင်းရေကန်တွေကို ရေပြန်ပြည့် စေပတဲ့။

ဂျက်ကွမ်းခြံကုန်းရောက် သွားတော့ သတ္တဝါတွေက နှစ်ဖွဲ့ ခွဲထားပြီးပါပြီ။ အလယ်မှာကြိုး ကြီးတစ်ချောင်းချလို့။ ခဏလည်း နေရော တောဒိုးပတ်ဝိုင်းက တောဒိုးနဲ့ တောတစ်ရိုးကို ပွက် ပွက်ညံ သွားပါစေလေရော။ သတ္တဝါနှစ်ဖွဲ့က ကြိုးတစ်ဖက် တစ်ချက်စီမှာ နေရာယူကာ ကြိုး ကို ခြေကန်ကာ ဆွဲကြပါပေါ့။ လွန်ပွဲခင်ဗျ။ မိုးခေါ်တဲ့လွန်ပွဲ။

‘‘ယုံယုံကြည်ကြည်နဲ့ အား စိုက်ပြီးဆွဲပါ။ မိုးနတ်မင်းမနေသာ ပါဘူး။ ရွာကိုရွာပေးရမှာပါ’’ သတ္တဝါတစ်ကောင်ရဲ့အား ပေးသံက အသံချဲ့စက်ကနေ ထွက်လာပါရဲ့။ အားပေးတဲ့ သတ္တဝါတွေရဲ့အသံက ဆူညံလို့။ လွန်ဆွဲနေတဲ့ သတ္တဝါတွေက ချွေးတလုံးလုံး။

သစ်ပင်တွေ ဘာတွေ သေ သေချာချာစိုက်ပြီး မိုးလေဝသ ကောင်းကာ ရေတွင်းရေကန်တွေ ပြည့်ဖို့ စီမံတယ်ဆိုတာက နည်း နည်းကြာမှာပေါ့။ လွန်ဆွဲတာက အချိန်တိုတိုနဲ့ အောင်မြင်နိုင်တဲ့ ကိစ္စ။ လွန်ဆွဲတဲ့သတ္တဝါကလေး တွေခမျာ မောလို့ဆိုလား။ နား လိုက်ဆွဲလိုက်နဲ့။ လူ့ရပ် လူ့ရွာ သွားပြီး ရေသန့်ဘူးသွားဝယ်နေ တဲ့ သတ္တဝါတွေကလည်း တော် တော်နဲ့ ပြန်ရောက်မလာကြသေး။ ဟိုး...အနောက်တောင်ဆီ မှာကဖြင့် မိုးကညို့သလိုလို၊ မ ညို့သလိုလိုနဲ့။ ကဲ...ဆွဲလိုက်ကြ ဦးစို့ နောက်တစ်ခေါက်တဲ့။ လူ တွေ ဘယ်နှပင်စိုက်စိုက် ပညာ ကြီးသူ သတ္တဝါအပေါင်းက ဂရု မစိုက်ပေါင်ဟူလို။

No comments:

Post a Comment