Monday, May 6, 2019

ဗင်နီဇွဲလား၌ စစ်တပ်သုံးရဟတ်ယာဉ်ပျက်ကျ၊ ခုနစ်ဦးသေဆုံး

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုနှင့်စစ်သည်များ တွေ့ဆုံနေသည့် ကိုဟဲဒက်စ်ပြည်နယ်သို့ ဦးတည်လာသည့် ရဟတ်ယာဉ်တစ်စင်းသည် မေ ၄ ရက် အစောပိုင်းတွင် တောင်နံရံတိုက်မိပြီး ပျက်ကျခဲ့မှုကြောင့် စစ်သည်ခုနစ်ဦးသေဆုံးခဲ့ကြောင်း ဗင်နီဇွဲလားစစ်တပ်ကထုတ်ပြန်ခဲ့သည်။ ကိုဂါရဟတ်ယာဉ်သည် ဆန်ကာလို့စ်ရှိ စစ်သင်တန်းကျောင်းနားတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ယင်းသင်တန်းကျောင်း၌ လေ့ကျင့်မှုများကို စောင့်ကြည့်ရန် မာဒူရိုရောက်ရှိနေခြင်းဖြစ်သည်။



အတိုက်အခံခေါင်းဆောင် ဟွန်ဂွိုင်ဒိုက အစိုးရကိုဖြုတ်ချရန်တောင်းဆိုခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့သည် တော်လှန်ရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ယင်းနောက်တွင် မာဒူရိုသည် စစ်တပ်ကို စည်းရုံးနိုင်ရန် အပြင်းအထန်ကြိုးပမ်းလာခဲ့သည်။ ပျက်ကျခဲ့သည့် ရဟတ်ယာဉ်ပေါ်တွင် ဒုတိယဗိုလ်မှူးကြီးနှစ်ဦးနှင့် ရာထူးငယ်သော အရာရှိအချို့လိုက်ပါသွားခဲ့သည်။

မေ ၄ ရက်တွင် ကာရာကက်စ်၌ မာဒူရိုကိုဖြုတ်ချပေးရန် စစ်တပ်အား တောင်းဆိုသည့် အသနားခံစာတစ်စောင်ကို ဆန္ဒပြသူတစ်ဦးက ရဲတပ်ဖွဲ့မှတစ်ဆင့် ပေးအပ်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ယင်းစာကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံရေးတွင် စစ်တပ်သည် အရေးပါသော ကဏ္ဍမှပါဝင်နေခြင်းကြောင့် မာဒူရိုနှင့် ဂွိုင်ဒိုတို့က အပြိုင်အဆိုင်စည်းရုံးနေကြခြင်းဖြစ်သည်။ စစ်စခန်းများသို့သွားရောက်ပြီးမာဒူရိုကိုဖြုတ်ချအာဏာသိမ်းလာရေး လုပ်ဆောင်ရန် ဂွိုင်ဒိုက ထောက်ခံသူများကို တိုက်တွန်းထားသည်။

ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျိုင်းတုံတွင် ဆောင်ရွက်
ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ၂၀၁၉ ခုနှစ်၊ မေလ (၅)ရက်နေ့မှ (၁၂)ရက်နေ့အထိ အသိပညာပေးလှုံ့ဆော်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဆောင်ပုဒ်စတစ်ကာများကို မော်တော်ယာဉ်များတွင် ကပ်ပေးခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် အသိပညာပေးလှုံ့ဆော်မှုကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင် နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၊ လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ၊ နှလုံးလှလူမှုကူညီရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ မေလ(၉)ရက်နေ့ နံနက်(၈)နာရီတွင် အဝေးပြေးယာဉ်ရပ်နားစခန်းတွင် လည်းကောင်း၊ မေလ(၁၂)ရက်နေ့တွင် မြို့တော်ခန်းမရှေ့နှင့် မော်တော်ဆိုင်ကယ်(Taxi)ဂိတ်များတွင် နံနက်(၈)နာရီ၌ လည်းကောင်း အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment