Monday, May 6, 2019

မိုးမိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မိုးမိတ်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက သိရသည်။ မေ ၄ ရက် ၁၃၃၀ အချိန် တပ်မတော်မှ မိုးမိတ်မြို့နယ်၊ စီပိန်းကျေးရွာ၊ ဖုန်းဆက်တောင် တောထဲရှိ မိုးကာတဲ တစ်လုံးကိုစစ်ဆေးရာ တဲအတွင်း၌ ကိုခန့်၊ မောရှည်၊ မောင်ယာဘု၊ ကျော်ဖြိုးနိုင်နှင့် အားနိမ်တို့အား စိတ်ကြွရူးသွပ်ဆေးပြား ၁၇၉,၀၀၀ ပြား၊ ဘိန်းဖြူ ၆၉၀ ဂရမ်၊ ဘိန်းမဲ ၈၀၀ ဂရမ်၊ မြန်မာငွေ ၈,၀၆၀,၀၀၀ ကျပ်၊ မော်တော်ဆိုင်ကယ် ၄ စီး၊ လက်ကိုင်ဖုန်း ၅ လုံးနှင့်အတူ တွေ့ရှိသဖြင့် ကိုခန့်(၂၁)နှစ်၊ မောရှည်(၂၇)နှစ်၊ မောင်ယာဘု (၂၈)နှစ်၊ ကျော်ဖြိုးနိုင်(၂၀)နှစ်၊ အားနိမ်(၂၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment