Monday, May 6, 2019

ဖန်နီမုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်းသွား ရေကြောင်းခရီးစဉ်များရပ်နားထားရ

ဖန်နီမုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်းအတွင်း ပြေးဆွဲပြေးနေ ကြသော ရေကြောင်းခရီးစဉ်များအား ယာယီရပ်နားထားရကြောင်း သိရသည်။ ရခိုင်ကမ်းရိုးတန်းတွင် ပြေးဆွဲပေး နေကြသော ပြည်တွင်းရေကြောင်းပိုင် သင်္ဘောများနှင့် ပုဂ္ဂလိကအမြန်ရေယာဉ် များအားလုံး သည် မေ ၃ ရက်မှ စတင် ရပ်နားနေခြင်းဖြစ်သည်။



""နီးတဲ့လမ်းကြောင်းလေးတွေကို ဆွဲ ဖို့ရှိတယ်။ အဝေးပြေးလမ်းကြောင်းတွေ ဆို ရပ်ပစ်လိုက်ပြီ။ ပြန်ဆွဲဖို့က ရာသီဥတု ရဲ့အနေအထားအပေါ်မှာကြည့်ပြီးတော့ ပေါ့။ ရာသီဥတုကောင်းသွားပြီဆိုမှ၊ မုန် တိုင်းက ကုန်းတွင်းကိုဝင်သွားပြီးတော့ လုံးဝ ကောင်းသွားပြီဆိုမှ ပြန်ဆွဲရမယ်""ဟု ပုဂ္ဂလိက အမြန်ရေယာဉ်တစ်ခုဖြစ်သော ရွှေပြည်တန်အမြန်ရေယာဉ်မှ မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။
ရေကြောင်းခရီးစဉ်များကို ခန့်မှန်းခြေ အားဖြင့် မေလ ၆ ရက်အထိ ရပ်နားထားရ ဖွယ်ရှိကြောင်း သိရသည်။
""မုန်တိုင်းကြောင့် ခရီးစဉ်ရပ်ထား တယ်လို့ပြောပါတယ်။ ဒါကြောင့် ကျောက်ဖြူ ကို မပြန်ဖြစ်ဘဲ စစ်တွေမှာ သောင်တင် နေရပါတယ်""ဟုလည်း ခရီးသည်တစ်ဦး က ပြောသည်။

မေ ၃ ရက်တွင် အိန္ဒိယနိုင်ငံ အရှေ့ ဘက် ပင်လယ်ကမ်းခြေ ဩရိဿ (Odisha) ဒေသအတွင်းသို့ ဝင်ရောက်တိုက်ခတ်နေ သည့် ဖန်နီမုန်တိုင်း၏အရှိန်ကြောင့် မေ ၄ ရက်နှင့် မေ ၅ ရက်များအတွင်း ရခိုင်ပြည်နယ်အပါအဝင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ် တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မြန်မာ နိုင်ငံ မိုး/ဇလမှ သတင်းထုတ်ပြန်သည်။

ယင်းအပြင် လေပြင်းတိုက်ခတ် ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါ သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သော ကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်  ကမ်း လွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေ ဖြင့်လည်း ကြိုတင်သတိပေးချက်ထုတ်ပြန် ထားသည်။

No comments:

Post a Comment