Monday, May 6, 2019

ညောင်ဦးမြို့နယ်တွင် နွားစာဝယ်သူများသည့်အတွက်နွားစာ ဈေးကောင်းပေးဝယ်ကျွေးနေကြရ

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ်ကျေး ရွာများတွင် တစ်နှစ်ထက်တစ်နှစ် နွားစာရှားပါးလာပြီး မိမိယာမြေမှ နွားစာအထွက်နည်းပါးလာသဖြင့် မြေပဲရိုး၊ ကောက်ရိုး၊ ပြောင်းရိုး စသည့် နွားစာများရှားပါးလာ
ကြောင်း ဒေသခံနွားမွေးသူ တောင်သူများထံမှသိရှိရသည်။



""ဒီနှစ်က စပါးရိုးရောင်းသူ လည်းရှားတယ်။ စပါးပင်ကိုလက် နဲ့မရိတ်ဘဲ စက်နဲ့ရိတ်တော့ နွား စာတွေမရတော့ဘူးဖြစ်နေတယ်။ အဲဒါကြောင့် မိုးဦးမြန်မြန်ရွာပြီး မိုးလေဝသမှန်မှ အဲဒီလိုမဟုတ် ဘဲ မိုးဦးမိုးကျချိန်နောက်ကျမယ် ဆိုရင်တော့ နွားမွေးသူများ နွားစာအတွက် အခက်ကြုံမှာသေ ချာတယ်။ နွားစာကိုလည်း ဈေး ကောင်းပေးဝယ်ကျွေးရမယ်။ မိုး ဦးနောက်ကျရင်တော့ လူစာထက် နွားစာကပိုအရေးကြီးတယ်။

လူ စာကတစ်ဦးနဲ့တစ်ဦး ချေးငှား စားလို့ရတယ်။ နွားစာက ချေးငှား ကျွေးဖို့မလွယ်ဘူး""ဟု နှစ်ပတ်လည် နွားမွေးစားသူတစ်ဦးကပြောသည်။
ယခင်နှစ်က မြေပဲရိုးထော် လာဂျီကားတစ်စီးလျှင် ကျပ် ၅၀ဝ၀ဝ ပေးဝယ်ကျွေးရကြောင်း၊ ယခုနှစ်နွားစာဝယ်ကျွေးသူကလည်း များပြားလာသဖြင့် မြေပဲရိုးနွားစာ ထော်လာဂျီတစ်စီးလျှင် ထက်ဝက် ကျော်ဈေးနှုန်းထိ မြင့်တက်သွား ကြောင်း၊ လက်ရှိ မိုးကမရွာသေး သည့်အတွက် နွားစာဝယ်ကျွေးသူ များ ဈေးကောင်းပေးဝယ်ကျွေး နေရကြောင်း နွားမွေးမြူသူတစ် ဦးထံမှ သိရသည်။

No comments:

Post a Comment