Monday, May 6, 2019

မိုင်းဆတ်​-တာချီလိတ်​လမ်း​ပေါ် ယောင်​ခဂိတ်​တွင် လမ်းအသုံးပြုခ​ ကောက်​ခံမှုရပ်​ဆိုင်း

ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း၊ မိုင်းဆတ်​မြို့နဲ့ တာချီလိတ်​မြို့ကို ဆက်​သွယ်​ထားတဲ့ ကားလမ်း​ပေါ်ရှိ ယောင်​ခဂိတ်​မှာ​ ‘ဝ’အထူး​ဒေသ(၂)က မော်​​တော်​ယာဉ်​​တွေထံမှ  လမ်းအသုံးပြုခ​ အခွန်​​ကောက်​ခံတာကို​ မေလ ၁ ရက်​​ကစပြီး ရပ်ဆိုင်းလိုက်ပါတယ်​။ မိုင်းဆတ်​/တာချီလိတ်​ ကားလမ်းအရှည် ၆၀ မိုင်​ ၄ ဖာလုံကို​ ဒေသခံပြည်​သူတွေရဲ့ ​တောင်းဆိုချက်​အရ ‘ဝ’အထူး​ဒေသ(၂)က ၂၀၁၈ နိုဝင်​ဘာလ ၃၀ ရက်​​မှာ ရှမ်းပြည်​နယ်​ အစိုးရထံ ပြည်​သူ့အတွက်​ လက်​​ဆောင်​ဟုဆိုကာ ပြန်​လည်​လွှဲ​ပြောင်းခဲ့​ပါတယ်။



ဒါပေမယ့်လည်း လမ်းအသုံးပြုခ​ကောက်​ခံတာကို လမ်းစတင်​ပြုပြင်​ချိန်​မှသာ ရပ်​ဆိုင်း​ပေးမှာ​ ဖြစ်​​ကြောင်း  သ​ဘောတူညီိခဲ့တာဖြစ်​ပါတယ်​။

ခရိုင်​အင်​ဂျင်​နီယာမှူး ဦးမျိုးဇာနည်​ဦးက “ဒေသခံ​ယာဉ်​​မောင်း​တွေက လမ်းပိုင်း ပျက်​စီးမှုများပြားလာပြီး သွားလာ​ရေး ခက်​ခဲလာတာအပြင်​ လမ်းအသုံးပြုခ​ကောက်​ခံပြီး လမ်းပြုပြင်​​ပေးမှု မရှိတာ​ကြောင့် လွှတ်​​တော်​ ကိုယ်​စားလှယ်​​တွေကတ​ဆင့် တင်​ပြခဲ့ကြ တာ​ကြောင့် အထူး​ဒေသ(၂) တာဝန်​ရှိသူ​တွေနဲ့ ​မိုင်းဆတ်​​ခရိုင်​ အုပ်​ချုပ်​​ရေးအဖွဲ့​တွေ​ တွေ့ဆုံညှိနှိုင်းပြီးလမ်းပိုင်းကို ပြန်​လည်​လွှဲ​ပြောင်း​ပေးခဲ့တာ​ကြောင့် လမ်းညှိတာနဲ့ လမ်းချဲ့တာ​တွေ စတင်​လုပ်​​ဆောင်​​နေပြီ”လို့ ပြောပါတယ်​။

ဒီလမ်းဟာ မိုင်​ ၆၀  ကျော်​ရှည်​လျားတဲ့ ​တောင်​​ပေါ်လမ်းဖြစ်​တာ​ကြောင့် နှစ်​စဉ်​ လမ်းပြုပြင် ​ထိန်းသိမ်းနိုင်​ဖို့ မိုင်းထလန်း​ကျေးရွာအုပ်​စု၊ မိုင်းကန်း​ကျေးရွာအနီး ​ယောင်​ခ​တောင်​ထိပ်​မှာ ​မောင်းတံဂိတ်​ပြုလုပ်​​ကာ ဆိုင်​ကယ်​တစီးကို ထိုင်းဘတ်​​ငွေ ၂၀၊ ကားငယ်​တ​စီးကို ​ထိုင်းဘတ်​​ငွေ ၁၀၀၊ ကားကြီးတစီးကို ထိုင်းဘတ်​​ငွေ ၁၀၀၀ ​စီ အသွား/အပြန်​ကောက်​ခံ​နေခဲ့တာဖြစ်​ပါတယ်​။ အဆိုပါလမ်းကို ၁၉၉၈ ခုနှစ်​က ‘ဝ’အထူး​ဒေသ (၂)ဟုန်​ပန်းကုမ္ပဏီက​ တာဝန်ယူ ဖောက်​လုပ်​ခဲ့တာ ဖြစ်​ပါတယ်။

No comments:

Post a Comment