Monday, May 6, 2019

ကလေးဒေသစိုက် စိန်တစ်လုံးသရက်များ ရာသီဥတုနှင့် ဖျက်ပိုးများကြောင့် အပျက်အစီးများပြားပြီး အထွက်နှုန်းကျနိုင်ဟုဆို

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဒေသတွင် ရာ သီဥတုပူပြင်းခြင်း၊ လေပြင်းတိုက် ခတ်ခြင်းနှင့် ဖျက်ပိုးကျရောက်ခြင်း တို့ကြောင့် စိန်တစ်လုံးသရက်များ အပျက်အစီးများပြားပြီး အထွက် နည်းပါးနိုင်ကြောင်း စိန်တစ်လုံး သရက် ခြံစိုက်ပျိုးသူများထံမှ သိရသည်။ ယခုအခါ ကလေးမြို့နယ် တွင် စိန်တစ်လုံးသရက်စိုက်ပျိုးမှု များပြားလျက်ရှိပြီး နှစ်စဉ် မြန်မာ- တရုတ်နယ်စပ် မူဆယ်ဈေးကွက် သို့လည်းကောင်း၊ မြန်မာ-အိန္ဒိယ နယ်စပ် တမူးနှင့် ရိဒ်ဈေးကွက်သို့ လည်းကောင်း ရောင်းချကြသည်။



""အခုနောက်ပိုင်း သရက်ခြံ တွေမှာ သရက်ဖူးချိန်တွေဆိုရင် လေပြင်းတိုက်တော့ အသီးမတင် ဘူး။ အသီးကင်းထွက်ချိန်ရောက် ပြန်တော့လည်း ရာသီဥတုက မကောင်းဘူး။ မိုးအုံ့လိုက် နေပူ လိုက်နဲ့ အခုလည်းနေပူပြီး၊ သရက် ပိုးထိုးတာမျိုးဖြစ်တယ်။ ခြံတိုင်း နီးပါးဖြစ်နေတော့ အခုနှစ် သရက် သီးအထွက်နှုန်းက ထက်ဝက်နှုန်း လောက်ကျဆင်းသွားနိုင်တယ်""ဟု ကလေးမြို့ စိန်တစ်လုံးသရက် စိုက်ပျိုးသူ ဦးကြည်ရအောင်က မေ ၂ ရက်တွင် ပြောကြားသည်။

ကလေးဒေသတွင် စိန်တစ် လုံး၊ ပတ္တမြားငမောက်၊ မင်းကြီး လက်ရုံး၊ မြကျောက် အစရှိသည့် သရက်ပင်ဧက ၁၀ဝ၀ဝ ကျော်ကို စိုက်ပျိုးမှုရှိပြီး၊ သရက်ပိုးကျရောက် ခြင်းမှကာကွယ်ရန် ဆေးဖျန်းခြင်း နှင့် ကြိုတင်ကာကွယ်ရေး အစီအ မံများလိုအပ်ကြောင်း ကလေးမြို့ နယ်စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

""အချို့က ဧကသုံးလေးဆယ် အချို့က ဧကရာချီစိုက်ပျိုးကြတယ်။ ကျွန်တော်ကတော့ စိန်တစ်လုံးသ ရက်ပင် ၁၄၀ဝ၀ ဝန်းကျင်စိုက်ထား တယ်။ ၂၀၁၅ ဟိုဘက်နှစ်တွေတုန်း က အထွက်နှုန်းနဲ့ ရာသီဥတုကောင်း တော့ အသီးအလုံးရေနှစ်သိန်းဝန်း ကျင်ရတယ်။ အခုဒီဘက်နှစ်တွေ မှာ အထွက်နှုန်းကျလာတယ်။ အလုပ်သမားခ၊ ခြံရှင်းလင်းခတွေ ရှုံးတယ်""ဟု ကလေးမြို့မှ သရက်ခြံ ပိုင်ရှင်တစ်ဦးကပြောသည်။

ယခုရက်ပိုင်း မန္တလေးဘက် မှ မြန်မာ-အိန္ဒိယနယ်စပ်ဈေးကွက် သို့ ဝင်ရောက်လာသည့် စိန်တစ် လုံးသရက် လက်လီဈေးနှုန်းမှာ တစ်လုံးလျှင် မြန်မာငွေကျပ် ၁၀ဝ၀ အထိဈေးရှိနေပြီး အလုံးသေးပါက တစ်လုံးကျပ် ၈၀ဝ မှ ကျပ် ၅၀ဝ ဈေးရှိသည့်အပြင် အလုံးအကြီးအ သေးနှင့် လတ်ဆတ်မှုအပေါ်မူတည် ၍လည်း အရောင်းအဝယ်ဖြစ် ကြောင်းသိရသည်။

No comments:

Post a Comment