Monday, May 6, 2019

မန်ယူက ပေါ့ဂ်ဘာအတွက် ပေါင်သန်း ၁၅၀ ရမှ ရောင်းထုတ်ဖွယ်ရှိ

ရီးရဲလ်က အလိုရှိနေတဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာအတွက် မန်ချက်စတာယူနိုက်တက်အသင်း ပေါင်သန်း ၁၅၀ လောက်ရမှ ရောင်းထုတ်မယ်လို့ သိရပါတယ်။ ရီးရဲမက်ဒရစ်အသင်းကတော့ များပြားတဲ့ ပြောင်းရွှေ့ကြေးကို မပေးချင်ဘူးလို့ သိရပါတယ်။ ပေါ့ဘာရဲ့ အေးဂျင့် ရွိုင်းအိုလာကလည်း သူ့ကစားသမားကို ရီးရဲလ်မက်ဒရစ်အသင်းထံ ရောက်ရှိနိုင်ဖို့ မန်ချက်စတာယူနိုက်တက်အသင်းကို ဖိအားပေးနေတာပါ။
လက်တလောမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းက အီဒင်ဟာဇက်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့အတွက်ကြောင့် ယူနိုက်တက်ဘက်ကသာ ဆက်လက်တင်းမာနေမယ်ဆိုရင် ပေါ့ဘာရဲ့ အပြောင်းအရွှေ့ဟာ ပုံပြင်တပုဒ်လို ဖြစ်သွားနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဘောလုံးဝေဖန်သုံးသပ်သူဖြစ်တဲ့ ရီယိုဖာဒီနန်ကလည်း အိုးထရက်ဖိုဒ့်မှာ ပေါ့ဘာရဲ့ ခြေစွမ်းဟာ အကောင်းဆုံးပုံစံမဟုတ်ဘူးလို့ ပြောကြားထားခဲ့ပြီး ဘောလုံးလောကက နာမည်ကြီးသုံးသပ်သူတွေကလည်း ရီးရဲလ်မက်ဒရစ်အသင်းကို ပေါ့ဘာအနေနဲ့ ပြောင်းရွှေ့သင့်တယ်လို့ ပြောကြားထားကြပါတယ်။

No comments:

Post a Comment