Monday, May 6, 2019

သင်္ဃန်းကျွန်း စံပြဆေးရုံမွေးလူနာဆောင်မှ ပြုတ်ကျသည့်အမျိုးသား ဆေးကုသနေစဉ် သေဆုံး

သင်္ဃန်းကျွန်း စံပြဆေးရုံ မွေးလူနာဆောင်မှ အမျိုးသားတစ်ဦး ပြုတ်ကျခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့မှု မေ ၅ ရက်က ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် သင်္ဃန်းကျွန်းစံပြဆေးရုံ သားဖွားဆောင် ဒုတိယအထပ်မှ အမျိုးသားတစ်ဦးပြုတ်ကျမှုဖြစ်ပွားကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ ဒဂုံဆိပ်ကမ်းမြို့နယ်နေ ၆၇ ရပ်ကွက်နေ ထွန်းဝင်းကျော် (၄၀ နှစ်)ဖြစ်ပြီး ဦးခေါင်း နောက်စေ့ပေါက်ပြဲ ဒဏ်ရာရရှိထားပြီး သင်္ဃန်းကျွန်းစံပြဆေးရုံမှ မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့လွှဲပြောင်း ကုသထားစဉ် ညနေ ၅ နာရီ ၁၀ မိနစ်တွင် သေဆုံးခဲ့သည်။



သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ထွန်းဝင်းကျော်၏ဇနီးဖြစ်သူ မီးဖွားရန် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ မေ၁ရက်က တက်ရောက်ခဲ့ပြီး ထွန်းဝင်းကျော်က မေ ၄ ရက်တွင် ဆေးရုံသို့ ရောက်ရှိခဲ့သည်။

ယင်းနောက်နေအိမ်သို့မပြန်တော့ဘဲဆေးရုံပတ်ဝန်းကျင်တွင် အရက်သေစာသောက်စားမူးယစ်ကာ မေ ၅ ရက် နံနက် ၁၀ နာရီတွင် ဇနီးဖြစ်သူထံသို့ ပြန်လည်ရောက်ရှိပြီး စကားများရာမှ ဒုတိယထပ်ရှိ အမြင့် ၂၄ ပေ သားဖွားမီးယပ်ဆောင်ဝရန်တာမှ အောက်သို့တွယ်ကပ်ဆင်းစဉ် နောက်ပြန်လန်ကြခဲ့ခြင်းဖြစ်သည်။

အလောင်းကို ဆေးရုံက ပီအာရ် ၅၅ ဖြင့်လက်ခံထားပြီး သင်္ဃန်းကျွန်းမြို့မရဲစခန်းက သေမှုသေခင်းဖွင့်လှစ်စစ်ဆေးလျက်ရှိသည်။

No comments:

Post a Comment