Monday, May 6, 2019

၁.၅.၂၀၁၉ နေ့က ကသာညဈေးတန်းပေါက်ဝမီးပွိုင့်မှာ ကိုယ့်ကိုကိုယ် သေကြောင်းကြံတဲ့သူအကြောင်း

#သူဘာကြောင့်သေချင်တာလဲ
ဂွင်ဖန်တာလား အမျိုးမျိုးထင်ကြေးတွေပေးလာတော့ အတိအကျလေးဖြစ်အောင် စုံစမ်းပီး ရေးသားလိုက်ပါတယ်ခင်ဗျ
သူ့နာမည်က … ဦးစိုးညွန့်
အသက်က … ၅၂ နှစ်
သားသမီးနှစ်ယောက်ရှိပါတယ်
သမီးက အသက် ၁၁နှစ် သားလေးက ၇နှစ်ပါ သူတို့မိသားစုဟာမဘိမ်းမြို့နယ် ရွှေကျောင်းကုန်းကျေးရွာမှာနေထိုင်ကြပါတယ်

သူ့အမျိုးသမီးက သူ့သားအငယ်လေး၁နှစ်သားမှာ ဆုံးသွားပြီး သားသမီးတွေကိုလယ်ယာလုပ် ကြုံရာအလုပ်တွေ လုပ်ပီး ပြုစုပျိုးထောင် ပေးခဲ့တယ်...
အာ့လိုနဲ့ လွန်ခဲ့တဲ့ ၃လကျော်က သူဟာအခင်းထဲသွားတဲ့လမ်းမှာ ဆိုင်ကယ်မှောက်ပြီး သူ့ညာဘက်ခြေဖနောင့်ရိုး ကျိုးကြေသွားလို့ ဗန်းမော်ဆေးရုံမှာသွားရောက်ကုသခဲ့ပါတယ် … ငွေကြေးအခက်ခဲကြောင့် ဆေးရုံကဆင်းခဲ့ပြီး ရွာပြန်ခဲ့ အလုပ်ကမလုပ်နိုင် စားဝတ်နေရေးခက်ခဲလာနေတဲ့အချိန်😔
ငါးအိုးကျေးရွာမှာ သီလရှင်ဝတ်နေသော အမကြီးဖြစ်သူ ဒေါ်ရူပစံမှ အလှူ ခံရသမျှလေးနဲ့ဆေးကုပေးဖို့ ကသာကို လေးယောက်စလုံး တက်လာကြပါတယ်... ကသာဆေးရုံမှာ ဆေးကုသခံနေတုန်း သားလေးကိုခေါ် ရပ်ကွက်ထဲလှည့်လည်တောင်းစားရင်း အမဆွမ်းခံကျွေးတာလေး စားနေရတာစိတ်မကောင်းလို့ထင်ပါရဲ့
သူ့အမကိုလဲ ချစ်ကြောက်ရိုသေ ရောဂါဝေဒနာလဲခံစားရ သားသမီးတွေလဲ စားချင်တိုင်းမစားရ အာ့ဘဝတွေကိုသူမခံစားနိုင်ပဲ ရူးမိုက်လိုက်ခြင်းဖြစ်မှာပါ … သူ့ရဲ့ရူးမိုက်မှုဟာ တပါးသူပါဒုက္ခရောက်မယ်လို့ အာ့အချိန်သူစဉ်းစားမိရဲ့လား
ဘာပဲဖြစ်ဖြစ်မြန်မာလူမျိုးတွေရဲ့စာနာစိတ်ကလုပ်ယူစရာမလိုပါဘူးလေ
ခုလိုစိတ်ရှည်လက်ရှည်ပြောပြသော လူနာရှင်နဲ့မိသားစုကို မနက်ညထမင်း လူသားချင်းစာနာစွာကျွေးမွေးခဲ့သော ကသာ မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးအောင်အား လူနာရှင်ကိုယ်စား ကျေးဇူးတင်လျှက်-

No comments:

Post a Comment