Monday, May 6, 2019

ရာသီကုန်တွင် ဘိုင်ယန်မှ ထွက်မည့် ရီဘာရီအနာဂတ် အစီအစဉ်မရှိသေး

 နွေရာသီတွင် ဘိုင်ယန် နှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန် အသင်းမှ ထွက်ခွာမည့် ပြင်သစ် တိုက်စစ်မှူး ရီဘာရီက လာမည့် ရာသီအတွက် အစီအစဉ်မရှိသေး ဟု ပြောကြားသည်။ ၂၀၀၇ ဇွန်လက မာဆေးမှ ဘိုင်ယန်သို့ ပေါင် ၁၇ သန်းဖြင့် ပြောင်းရွှေ့လာသော ရီဘာရီ (၃၆) နှစ်သည် နယ်သာလန်တိုက် စစ်မှူးရော်ဘင်နှင့်အတူ ယခုရာ သီကုန်တွင် ဘိုင်ယန်မှ ထွက်ခွာ မည်ဖြစ်သည်။ ယင်းကစားသမားနှစ်ဦးစ လုံးကို ဘိုင်ယန်က ပေးဆပ် စရာများစွာရှိကြောင်းနှင့် ၎င်းတို့ ကို စိတ်မကောင်းစွာဖြင့် နှုတ် ဆက်မည်ဖြစ်ကြောင်း ဘိုင်ယန် အသင်းဥက္ကဋ္ဌ ရူမီနစ်ဂီက ပြော ကြားသည်။



‘‘သူတို့ဟာ ဘိုင်ယန်ရဲ့အ အောင်မြင်ဆုံး ဆယ်စုနှစ်ကို ပုံ သွင်းဖို့ကူညီခဲ့ကြပါတယ်’’ ဟု ရူ မီနစ်ဂီက ပြောသည်။ ဘိုင်ယန် သည် ရီဘာရီနှင့် ရော်ဘင်တို့၏ ဂုဏ်ပြုကစားပွဲကို ၂၀၂၀ တွင် ကျင်းပမည်ဖြစ်သည်။ ရီဘာရီသည် ဘိုင်ယန်နှင့်အ တူ ဘွန်ဒက်စ်လီဂါဖလားရှစ်ကြိမ် ရရှိပြီး ယခုရာသီတွင်လည်း ဒုတိ ယနေရာရှိ ဒေါ့မွန်ကို လေးမှတ် ဖြတ်ထားနိုင်သဖြင့် ဘွန်ဒက်စ် လီဂါဖလားထပ်မံရရှိနိုင်သည်။

ထို့အပြင် ဘိုင်ယန်သည် ဂျာမန်ဖလား ဗိုလ်လုပွဲတွင် လိုက်ပ်ဇစ်နှင့် ယှဉ်ပြိုင်ရန်ရှိ သည်။ ‘‘လာမယ့်ရာသီအတွက် ခိုင် မာတဲ့ အစီအစဉ်ကျွန်တော့်မှာ မ ရှိသေးပါဘူး’’ ဟု ၂၀၁၃ က ဘိုင် ယန်နှင့်အတူ ချန်ပီယံလိဂ်ဖလား လည်း ရရှိသူ ရီဘာရီက ပြော သည်။ ‘‘ကျွန်တော်ဘောလုံးဆက် ကစားမှာပါ။ ဒါပေမဲ့ ဘယ်ဟာမှ ရာနှုန်းပြည့် မသေချာသေးပါဘူး’’ ဟု ၎င်းကဖြည့်စွက်ပြောကြား သည်။

No comments:

Post a Comment