Monday, May 6, 2019

သရုပ်ဆောင်ဝေဠု​ကျော်​နှင့်​​အလှမယ်​ သင်းသင်းတို့အပြန်​လှန်​​ပြောဆိုထားသည့်​ ဖုန်းအသံဖိုင်​ သက်​​သေအဖြစ်​တင်

သရုပ်​​ဆောင်​​ဝေဠု​ကျော်​နှင့်​အလှမယ်​သင်းသင်းတို့ ဖုန်းအပြန်​လှန်​​ပြောဆိုထားသည့်​ အသံဖိုင်​ကို ယ​နေ့ရုံးချိန်းတွင်​ အသက်​​သေအဖြစ်​တင်​သွင်းခဲ့သည်​။ ယ​နေ့ရုံးချိန်းသည်​ အလှမယ်​သင်းသင်းမှ တရားလိုပြုလုပ်​၍ ကာမလိမ်​လည်​ရယူမှုဖြင့်​ ​သရုပ်​​ဆောင်​​ဝေဠု​ကျော်​ကို ဆရားစွဲဆိုထားသည့်​အမှု၏ ၇ ကြိမ်​​မြောက်​ရုံးချိန်းလည်းဖြစ်​သည်​။ တရားလိုဘက်​မှတင်​သွင်းထားသည့်​ စာမျက်​နှာ၂၃၅ မျက်​နှာပါရှိသည့် အသံဖိုင်​ကို လည်​မည့်​ရုံးချိန်းတွင်​ တိုက်​ဆိုင်​စစ်​​ဆေးသွားမည်​ဖြစ်​သည်​။
"​ကို​ဝေဠု​ကျော်​နဲ့သင်းသင်းတို့ရဲ့ ဖုန်းအပြန်​လှန်​​ပြောဆိုထားတဲ့အသံဖိုင်​ကို သက်​​သေအဖြစ်​တင်​တာပါ။ကျွန်​​တော်​တို့တင်​ထားတာ စာမျက်​နှာ ၂၃၅ မျက်​နှာရှိတယ်​။တရားရုံး ဖွင့်​ပြီးတိုက်​ဆိုင်​စစ်​​ဆေးပြီးမှ သက်​​သေအဖြစ်​လက်​ခံမှာ​ပေါ့"ဟု တရားလွှတ်​​တော်​​ရှေ့​နေ ဦး​ရောဘတ်​စန်း​အောင်​က ​ပြောသည်​။ ရုံးချိန်းကို လာမည့်​ မတ်​လ ၂၄ရက်​သို့ပြန်​လည်​ချိန်းဆိုထား​ကြောင်းသိရသည်​။

No comments:

Post a Comment