Monday, May 6, 2019

စိတ်ပျက်စရာ ခြေစွမ်းနဲ့ ချန်ပီယံလိဂ် ၀င်ခွင့် ဆုံးရှုံးသွားတဲ့ အာဆင်နယ် အာဆင်နယ် ၁-၁ ဘရိုက်တန်

အနိုင် ၃မှတ်သာ ချန်ပီယံလိဂ် ၀င်ခွင့် အသက်ဆက်ရှင်မှာ ဖြစ်ပေမယ့် ဘရိုက်တန်ကို သရေကျခဲ့လို့ အခွင့်အရေး ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်ပါတယ်။ အထူးသဖြင့် စပါးနဲ့ ဂိုးကွာခြားချက် ၈ဂိုးကွာဟနေသလို နောက်ဆုံးပွဲမှာ ဘန်လေကို အဝေးကွင်း သွားကစားရမှာ ဖြစ်လို့ အာဆင်နယ်ရဲ့ ရာသီ အဆုံးသတ်ခဲ့ပါတယ်။ ပွဲအတွင်း အခွင့်အရေးတွေ များစွာရခဲ့ပေမယ့် ဘရိုက်တန် ဂိုးသမားကို မကျော်နိုင်ခဲ့သလို မလိုအပ်ဘဲ ပေးခဲ့ရတဲ့ ပင်နယ်တီက အာဆင်နယ်ကို သရေကျစေခဲ့တာပါ။ အာဆင်နယ်အတွက် အဘာမီယန်က ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းပြီး ဘရိုက်တန်အတွက် ဂလန် မာရေးလ်က ပင်နယ်တီကနေ ချေပဂိုးသွင်းပြီး ၁ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ စိတ်ပျက်စရာ ခြေစွမ်းနဲ့ အာဆင်နယ်ဟာ လိဂ်ပြိုင်ပွဲကနေ ၀င်ခွင့်ရဖို့ နည်းသွားပြီဖြစ်လို့ ယူရိုပါလိဂ်ကိုသာ အားစိုက်ရတော့မှာ ဖြစ်ပါတယ်။

No comments:

Post a Comment