Monday, May 6, 2019

မင်းကင်းမြို့မကားလမ်းမပေါ်တွင် ခရီးသည်ယာဉ်တိမ်းမှောက်၊ ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် မင်းကင်း-မြို့မကားလမ်း မိုင်တိုင်အမှတ် ၁၂၁ နဲ့ ၁၂၂ အကြားမှာ မေလ ၄ ရက်နေ့ မနက်က ခရီးသည်ယာဉ်တစီး တိမ်းမှောက်ခဲ့ပါတယ်။ တိမ်မှောက်ခဲ့တဲ့ မော်တော်ယာဉ်ဟာ မင်းကင်း-ကလေး ပြေးဆွဲနေတဲ့ ရောင်နီယာဉ်လိုင်းငယ်အသင်းထဲက SUZUKI အမျိုးအစား မော်တော်ယာဉ်ဖြစ်ပြီး မင်းကင်းမြို့မှ ကလေးမြို့ကို ခရီးသည် ၁၃ ဦး တင်ဆောင်ပြီး မောင်းနှင်စဉ် အခင်းဖြစ်နေရာအရောက် တောင်ကုန်းအတက်တွင် ကားစလစ်ဖြစ်ပြီး နောက်ပြန်လျောကျ တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။



မင်းကင်း-ကလေး ကားလမ်းပိုင်းဟာ မြို့မမင်းကင်းအကြား တောင်တက်လမ်း အတက်ကြမ်းတာကြောင့် ယာဉ်မောင်းတွေ သတိထား မောင်းသင့်တဲ့ နေရာလည်း ဖြစ်တာကို တွေ့ရပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါခရီးသည် ၁၃ ဦးအနက် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦး ထိခိုက်ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး မင်းကင်းမြို့ပြည်သူဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ယာဉ်မောင်းချမ်းမြေ့သူကို မင်းကင်းမြို့မရဲစခန်းက ယာဉ်အား ပေါ့ဆစွာ မောင်းနှင်မှုနဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေပါတယ်။

No comments:

Post a Comment