Monday, May 6, 2019

သီရိလင်္ကာကျောင်းတွေမှာ လုံခြုံရေးဝန်ထမ်းတွေချထားဖို့ အမိန့်ထုတ်

သီရိလင်္ကာနိုင်ငံမှာ ဒီနေ့ကျောင်းတွေ ပြန်မဖွင့်ခင်မှာ လုံခြုံရေးဝန်ထမ်းထောင်သောင်းချီပြီး ကျောင်းတွေမှာ တာဝန်ချထားဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ IS - အစ္စလမ္မစ်နိုင်ငံတော်အဖွဲ့က အီစတာပွဲတော်နေ့ ဧပြီ ၂၁ ရက်က တိုက်ခိုက်ချိန်ကစလို့ အစ္စလမ်ဘုန်းတော်ကြီး ၂၀၀ အပါအ၀င် နိုင်ငံခြားသား ၆၀၀ ကျော်ကို နိုင်ငံကနှင်ထုတ်လိုက်ပြီလို့လည်း အစိုးရက ပြောပါတယ်။ နိုင်ငံတ၀န်းက ကျောင်းတသောင်းကိုးရာလောက်မှာ ဖောက်ခွဲရေးပစ္စည်းတွေရှာဖွေပြီး လုံခြုံရေးအစောင့်တွေလည်း ချထားပါတယ်။



ကလေးတွေ လုံလုံခြုံခြုံစိတ်ချလက်ချကျောင်းပြန်တက်နိုင်ဖို့ ကျောင်းနဲ့ ကျောင်းဝန်းကျင်မှာ ရဲနဲ့စစ်သားတွေက ပိုက်စိပ်တိုက်ရှာဖွေတယ်လို့ ရဲ တာဝန်ရှိသူက ပြောပါတယ်။

ဘုန်းတော်ကြီး ၂၀၀ ဟာ ဗီဇာသက်တမ်းကုန်နေတာတွေ့ရလို့ ဒဏ်ငွေဆောင်ခိုင်းပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။ တိုင်းပြည်လက်ရှိအခြေအနေအရ ဗီဇာစနစ်ကို ပြန်သုံးသပ်နေပြီး ဘာသာရေးဆရာတွေအတွက် ဗီဇာပိုတင်းကျပ်ဖို့ ဆုံးဖြတ်တယ်လို့လည်း ပြောပါတယ်။

No comments:

Post a Comment