Monday, May 6, 2019

ပြည်ပသို့ကျွဲ၊နွားတင်ပို့မှုတရားဝင်ခွင့်ပြုချိန်မှစတင်ပြီး အကောင်ရေ ငါးသိန်းခန့်တင်ပို့ထား

ပြည်ပသို့ကျွဲ၊နွားများတရားဝင်တင်ပို့ခွင့်ကို (၂၀၁၇)ခုနှစ်မှစတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး(၂)နှစ်အတွင်း အကောင်ရေ ငါးသိန်းခန့်အထိ တင်ပို့ခွင့်ပြုထားကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှသိရသည်။ "အခုနှစ်ထဲမှာတော့ တစ်ဖက်နိုင်ငံက တရားမဝင် ဝင်ရောက်မှုတွေကိုထိန်းချုပ်ကန့်သတ်တာတွေလုပ်နေတာကြောင့် ဈေးကွက်က အေးသလိုဖြစ်နေပါတယ်။ဒါပေမယ့် ၂နှစ်နီးပါးမှာအကောင်ရေ ငါးသိန်းလောက် တင်ပို့ထားပါတယ်"ဟု ကုန်သွယ်ရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးကဆိုသည်။



ယခင်က ကျွဲ၊နွားများကို ပြည်တွင်းရှိကုန်သည်များက မှောင်ခိုလမ်းကြောင်းမှတဆင့်တရားမဝင် တင်ပို့နေကြခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်တွင်းမှတရားဝင်တင်ပို့ခွင့်ပြုလိုက်ခြင်းဖြစ်သည်။သို့သော် တဖက်(တရုတ်)နိုင်ငံမှ တရားဝင် ဝယ်ယူခွင့်ပြုမထားသည့်အတွက် လတ်တလော၌ ဖမ်းဆီးမှုများပြုလုပ်နေပြီး ကျွနွားပြည်ပတင်ပို့မှုမှာရပ်တန့်နေသည့် အခြေအနေတွင်ရှိနေသည်။

ကျွဲ၊နွားများ ဆက်တိုက်တင်ပို့နိုင်ချိန်တွင် တစ်ကောင်လျှင် သိန်းနှစ်ဆယ်ခန့်အထိဈေးကောင်းရခဲ့သော်လည်း လက်ရှိကာလတွင် ထက်ဝက်ဈေးနှုန်းအောက်ဖြင့်သာ တရုတ်ဝယ်လက်များကို အရှုံးခံရောင်းချနေရသည်ဟု မူဆယ်ရှိကျွဲနွားကုန်သည်များက ဆိုကြသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှကျွဲနွားများတရုတ်နိုင်ငံသို့တရားဝင်တင်ပို့ရောင်းဝယ်နိုင်ရေးအတွက် ညှိနှိုင်းမှုများပြုလုပ်နေသော်လည်း တစ်ဖက်မှ လိုအပ်နေသည့် ကျွဲနွားကျန်းမာရေးဆိုင်ရာအချက်အချို့ကို ပြည်တွင်းကုန်သည်များက လုပ်ဆောင်ရန်ခက်ခဲနေသေးကြောင်းသိရသည်။

No comments:

Post a Comment