Monday, May 6, 2019

နေ့အပူချိန်မြင့်တက်နေမှုကြောင့် မင်းကင်းထွက် ရိုးရာသောက်ရေအိုးများ အရောင်းအဝယ်သွက်နေ

Image may contain: food ချင်းတွင်းမြစ်ရိုးအထက်ပိုင်း ကလေး၊ ကလေးဝ၊ မင်းကင်း၊ တမူးဒေသများတွင် သင်္ကြန်ပြီးကာလမှအစပြု၍ေ န့အပူချိန် မြင့်တက်နေသည့်အတွက် မင်းကင်းမြို့နယ် ဘိုင်ရွာထွက်မြေသောက်ရေ အိုးများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့ဈေးကွက်မှ သိရသည်။ အဆိုပါဒေသများတွင် အပူချိန်(၄၀) ဒီဂရီစင်တီဂရိတ်နှင့်(၄၀) အထက်ထိရှိနေရာ အပူချိန်မြင့်တက်လာချိန် သဘာဝရေအေးသောက် သုံးနိုင်ရန် ဘိုင်မြေအိုးများ ဝယ်ယူသုံးစွဲမှုများနေခြင်းဖြစ်သည်။


""ကျွန်တော်တို့ မင်းကင်းမြို့နယ် ဘိုင်၊ ဗဒက်၊ ကုန်းရင်း၊ ပန်းဆက် ရွာတွေမှာ ရှေးကာလကစတင်ပြီးတော့ အိုးလုပ်ငန်းကို တစ်ရွာလုံးနီးပါး လုပ်ကိုင်ပါတယ်၊ အခုတော့ အိုးလုပ်ငန်းလုပ်ကိုင်သူ ရာချီရှိပါတယ်၊ ရွာကထွက်တဲ့အိုးအားလုံးကို ချင်းတွင်းအထက်ပိုင်း မော်လိုက်၊ ဖောင်း ပြင်၊ ဟုမ္မလင်း၊ ခန္တီးအထိတင်ပို့ပါတယ်။ နောက် ကလေးဝ၊ ကလေး၊ မင်းကင်း၊ မြန်မာ-အိန္ဒိယနယ်စပ် တမူးနယ်စပ်ဈေးအထိ တင်ပို့ပါတယ်။ တစ်ဖက်အိန္ဒိယနိုင်ငံ ကသည်းတွေကလည်း ဝယ်ယူမှုရှိပါတယ်။ အခု နှစ်အရောင်းအဝယ်က နှစ်တိုင်းထက်ပိုကောင်းပါတယ်""ဟု ကုန်းရင်း ရွာမှ အိုးအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ဦးမြတ်လေးက ပြောသည်။

မင်းကင်းမြို့နယ် ဘိုင်၊ ဗဒက်၊ ကုန်းရင်းအစရှိသည့်မြို့များမှ ထွက် ရှိသော ညောင်ရေအိုး၊ ပရိတ်အိုး၊ အတာအိုး၊ သောက်ရေအိုး၊ ရေ လှောင်အိုးတို့ကို ချင်းတွင်းမြစ်ကြောင်းအတိုင်း စက်လှေဖြင့် ရွာစဉ် ထိုးအရောင်းအဝယ်ပြုလုပ်ကြပြီး မြန်မာ-အိန္ဒိယနယ်စပ် တမူးနယ်စပ် ဈေးသို့ ကားဖြင့်တင်ပို့ရောင်းချကြောင်း သိရသည်။

ယခုရက်ပိုင်း ပုံမှန်သောက်ရေအိုးတစ်လုံးလျှင် ကျပ် ၃၀ဝ၀ မှ ကျပ် ၄၀ဝ၀ အထိ၊ သောက်ရေအိုးအကြီး၊ ရေလှောင်အိုးအကြီးတစ်အိုးလျှင် ကျပ် ၅၀ဝ၀ မှကျပ် ၁၀ဝ၀ဝ အထိ၊ ဘုရားညောင်ရေအိုးတစ်လုံးအကြီး လျှင် ကျပ် ၂၀ဝ၀ အသေး ကျပ် ၁၀ဝ၀ နှင့်ပရိတ်အိုး၊ အတာအိုးတစ်လုံး လျှင် ကျပ် ၁၅၀ဝ မှ ကျပ် ၂၀ဝ၀ အထိအရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment