Monday, May 6, 2019

ပုပ်ရဟန်းမင်းကြီး ဘူလ်ဂေးရီးယားနိုင်ငံသို့ ရောက်ရှိ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဘူလ်ဂေးရီးယားနဲ့ မြောက်မက်ဆီဒိုးနီးယားကို သုံးရက်ကြာ ခရီးစဉ် ထွက်လာပြီး မေလ ၅ ရက်က ဘူလ်ဂေးရီးယားနိုင်ငံကို ရောက်လာခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးကို ဘူလ်ဂေးရီးယား  ၀န်ကြီးချုပ် ဘိုကိုဘာရိဗ်စ်က လေဆိပ်မှာ ကြိုဆိုခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ဘူလ်ဂေးရီးယားမှာ နှစ်ရက်ကြာနေထိုင်မှာဖြစ်ပြီး အဲဒီကနေ  မြောက်မက်ဆီဒိုးနီးယားနိုင်ငံကို ဆက်သွားမှာပါ။ လူဦးရေ ၇ ဒဿမ ၁ သန်းကျော်နေထိုင်တဲ့ ဘူလ်ဂေးရီးယားနိုင်ငံမှာ ကက်သလစ်ဘာသာဝင် ငါးသောင်း ရှစ်ထောင်ကျော်သာရှိပြီး လူဦးရေ နှစ်သန်းနေထိုင်တဲ့ မြောက်မက်ဆီဒိုးနီးယားနိုင်ငံမှာ ကက်သလစ် ဘာသာဝင် တသောင်းခွဲသာ ရှိပါတယ်။

No comments:

Post a Comment