Wednesday, May 22, 2019

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ သင့်လျော်သည့်အချိန်တွင် ပြည်သူများ ကျေနပ်မည့်အဖြေကို မြန်မာအစိုးရထုတ်ပြန်မည်ဟု တရုတ်သံအမတ်ပြော

 မြစ်ဆုံစီမံကိန်းနှင့် ပတ် သက်၍ မြန်မာပြည်သူများ စိတ် ရှည်ရှည်ထား စောင့်ဆိုင်းရန် လိုအပ်ပြီး မြန်မာအစိုးရက သင့် လျော်သည့်အချိန်တွင် ပြည်သူ များ ကျေနပ်မည့်အဖြေကို ထုတ် ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဟုန် လျန်က ပြောသည်။ေ မလ ၂၁ ရက်က တရုတ် သံအမတ်နေအိမ်၌ ပြုလုပ်သည့် သံအမတ်နှင့် မြန်မာမီဒီယာများ တွေ့ဆုံပွဲ၌ ၎င်းက ယင်းသို့ ပြော ကြားခြင်းဖြစ်သည်။ ‘‘နှစ်နိုင်ငံ ပြေလည်အောင် ဖြေရှင်းဖို့ ဆောင်ရွက်နေပါတယ်။ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ဖြေရှင်းနိုင်ရင် တရုတ်-မြန်မာ ဆက်ဆံရေးက ပိုအောင်မြင်မှာ ပါ။ မြစ်ဆုံကိစ္စကို အကြောင်းပြု ပြီး တရုတ်-မြန်မာ ရင်းနှီးမှုပျက် အောင်လုပ်ရင် အောင်မြင်မှာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်’’ဟု တရုတ်သံအမတ်ကပြောသည်။



 မြန်မာနိုင်ငံ ဒီမိုကရေစီ အ ကူးအပြောင်းတွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခံရပြီး တရုတ်ကုမ္ပဏီ များ စီးပွားရေးအရ နစ်နာမှုများရှိ ခဲ့သည်ဟု တရုတ်သံအမတ်က ပြောသည်။ မြန်မာပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားကုမ္ပဏီတစ်ခုကို ဥပဒေ အရ အကာအကွယ်ပေးရမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

 သို့သော် မြစ်ဆုံစီမံကိန်း သည် ထူးခြားမှုများရှိသောကြောင့် ပြေလည်အောင် ဖြေရှင်းရန် နှစ် နိုင်ငံ နီးနီးကပ်ကပ်ဆွေးနွေးနေ ကြောင်း၊ မြစ်ဆုံစီမံကိန်းကိစ္စကို ပြေလည်အောင် ဖြေရှင်းနိုင်ရေး မြန်မာအစိုးရကလည်း အာရုံစိုက် ထားကြောင်း တရုတ်သံအမတ် က ပြောသည်။

ယင်းစီမံကိန်းနှင့် ပတ်သက် ၍ နိုင်ငံခြားတိုင်းပြည်အချို့က နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် သတင်းအမှား ထုတ်ပြန်နေသည်များရှိပြီး ထိုသူများသည် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အ ရေးပြုပြင်ပြောင်းလဲရေးကို နှောင့် ယှက်နေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

 ထို့အပြင် တရုတ်-မြန်မာ ဆက်ဆံရေးကိုလည်း ထိခိုက် အောင် ဆောင်ရွက်နေကြောင်း၊ မြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံ ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ကို ဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ် ကြောင်း တရုတ်သံအမတ်က ပြောသည်။

သို့သော် ထိုစီမံကိန်း လုံးဝ ရပ်ဆိုင်းခြင်း (သို့မဟုတ်) ရွှေ့ ပြောင်းခြင်းနည်းများမှ မည်သည့် နည်းဖြင့် ဖြေရှင်းမည်ကို တရုတ် သံအမတ်က ပြောကြားခြင်းမရှိ ပေ။

 တရုတ်သံအမတ် မစ္စတာဟုန်လျန်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး ၎င်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ရှိ နေအိမ်၌ မေလ ၁၆ ရက်တွင် လက်ခံတွေ့ဆုံခဲ့သည်။  မစ္စတာဟုန်လျန်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် သုံးနှစ်ကျော် တာဝန်ထမ်းဆောင်ပြီး ၎င်းနေရာအတွက်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုဂ္ဂိုလ်တစ်ဦး လွှဲပြောင်းတာဝန်ထမ်းဆောင်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်ကပြောကြားထားသည်။

No comments:

Post a Comment