Tuesday, June 18, 2019

မြိတ်တွင် မိုးသက်လေပြင်းကြောင့် သစ်ပင်ပြိုလှဲပြီး နေအိမ် ၂ လုံးပိမိ

Image may contain: one or more people, tree, plant and outdoorမြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ရပ်တွင် ဇွန်လ ၁၈ ရက်နေ့၊ နံနက် ၂ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်တာကြောင့် သစ်ပင်ပြိုလှဲပြီး လူနေအိမ် ၂ လုံပိမိသွားကြောင်းသိရပါတယ်။ ကုန်းဖောက်ရပ်၊ ပိတောက်ရွှေဝါလမ်းရှိ နံ ၁၀ ပေ၊ လျား ၁၅ ပေရှိတဲ့ဓနိမိုးထရံကာ ပျဉ်ခင်း တစ်ထပ်လူနေအိမ် ၂ လုံး သစ်ပင်ပိပြီးပြိုလှဲသွားတာကြောင့် အိမ်ထောင်စု ၂ စုမှလူများကို နီးစပ်ရာဆွေမျိုးများအိမ်မှာ ပြောင်ရွှေ့နေထိုင်နိုင်ရန်ကယ်ဆယ်ရေးအဖွဲ့မှကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။ ပြိုလှဲသွားတဲ့ လုံးပတ် ၅ ပေ၊ အမြင့် ၅၀ ပေခန့်ရှိတဲ့ ပိန္နဲပင်ကြီးကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူးဦးအောင်အောင်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်းသိရပါတယ်။

No comments:

Post a Comment