Tuesday, June 18, 2019

ကနေဒါ ဘတ်စ်ကက်ဘောအသင်း အောင်ပွဲခံနေချိန် ပစ်ခတ်မှုဖြစ်ပွား

ကနေဒါနိုင်ငံ အမျိုးသား ဘတ်စ်ကက်ဘောအသင်းရဲ့ NBA ချန်ပီယံပွဲမှာ တိုရွန်တို ရတ်ပ်တာအသင်းက ချန်ပီယံဆုရလို့ အားကစားဝါသနာအိုး ၂ သန်းလောက် တိုရွန်တိုမြို့မှာ အောင်ပွဲခံနေချိန် ဇွန် ၁၇ ရက်က ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင်ထရူဒူ ကိုယ်တိုင်တက်ရောက်တဲ့ ဒီပွဲမှာ ပစ်ခတ်မှုဖြစ်ခဲ့တာ ကြောင့် လူတွေဘေးလွတ်ရာ ပြေးလွှားခဲ့ရတာပါ။


ဒီပစ်ခတ်မှုကြောင့် လူ ၂ ဦး ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် အသက်ဘေး ထိခိုက်လောက်အောင်တော့ မဟုတ်ဘူးလို့ တိုရွန်တို ရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှုအတွက် သံသယရှိသူ ၂ ယောက်ကို ထိန်းသိမ်းထားကာ သေနတ် ၂ လက်ကိုလည်း ပြန်ရခဲ့ပြီး ဒီအမှုကို စုံစမ်းစစ်ဆေးနေဆဲပဲလို့ ရဲက ပြောပါတယ်။

အောင်ပွဲခံ ချီတက်ပွဲ အဆုံးသတ်မယ့် နာသန်ဖိလစ်ရင်ပြင်နားမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် အခမ်းအနား မိန့်ခွန်းပြောဆိုတာတွေ ယာယီရပ်သွားပေမယ့် ဆက်လက် ကျင်းပခဲ့ပါတယ်။

No comments:

Post a Comment