Tuesday, June 18, 2019

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း ကျပ် ၆၈၁ ဘီလျံကျော်ရှိ

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်း ကျပ် ၆၈၁ ဘီလျံကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်း နှင့် ဘဏ္ဍဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။ ဇွန် ၁၇ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာရေးနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေ စာရင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။



“၂၀၁၈-၂၀၁၉ခုနှစ် ဘဏ္ဍဍာရေးနှစ် မူလခန့်မှန်းခြေစာရင်းရဲ့ စုစုပေါင်း အသုံးစရိတ်ဟာ စုစုပေါင်း ကျပ် ၆၅၀ ဒသမ ၁၉၅ ဘီလျံအပေါ်မှာ အခုထပ်မံဖြည့်စွက်ခွင့်ပြု ငွေကျပ် ၃၁ ဒသမ ၆၆၉ဘီလျံ ထပ်ဆောင်းရရှိခဲ့သဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းခြေမှာ ကျပ် ၆၈၁ ဒသမ ၈၆၄ဘီလျံ ဖြစ်ပေါ်လာပါတယ်”ဟု ဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌဌမအကြိမ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်းကို ကျပ် ၄၄ ဒသမ ၉၂၀ ဘီလျံဖြင့် တင်ပြခဲ့ပြီး ဖေဖော်ဝါရီ ၂၆  ရက်မှ၂၈ ရက် အထိပြုလုပ်ခဲ့သည့် အစည်းအဝေးများတွင်  ပြည်သူ့ငွေစာရင်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးတို့၏ ဆွေးနွေးတင်ပြချက်အရ ကျပ် ၄ ဒသမ ဝ၁၁ ဘီလျံ လျှော့ချခဲ့ကာ ထပ်မံလိုအပ်သည့် ကျပ် ၁ ဒသမ ၆၆၇ ဘီလျံကို တိုးမြှင့်လျာထားသည့်အတွက် စုစုပေါင်း ကျပ် ၂ ဒသမ ၃၄၄ ဘီလျံ လျှော့ချခဲ့သဖြင့်  ဖြည့်စွတ်ခွင့်ပြုငွေ စုစုပေါင်း ကျပ် ၄၁ ဒသမ ၅၇၆ ဘီလျံ ပြင်ဆင်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ ပြန်လည်တင်ပြခဲ့ကြောင်း ဝန်ကြီးက ရှင်းလင်းပြောကြားသည်။

အဆိုပါ လျှော့ချခဲ့သည့် ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၄၁ ဒသမ ၅၇၆ ဘီလျံကို ဧပြီ ၉ ရက်တွင် ပြုလုပ်ခဲ့သည့်ဘဏ္ဍဍာရေး ကော်မရှင် (၁/၂၀၁၉)  အစည်းအဝေးကို တင်ပြတောင်းခံခဲ့ကြောင်း၊ ဘဏ္ဍဍာရေးကော်မရှင်က ကျပ် ၁၈ ဒသမ ၁၅၃ ဘီလျံကို စိစစ်လျှော့ချခဲ့သဖြင့် ကျပ်၂၄ ဒသမ ၄၂၃ ဘီလျံသာ  ရရှိကြောင်း သိရသည်။

ထို့နောက် ဧပြီ၂၄ ရက်တွင် ပြည်ထောင်စုစီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီးက တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်ရှိသည့် စီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီးများကို နေပြည်တော်၌တွေ့ဆုံပြီး ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းနှင့်ပတ်သက်၍မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးလိုအပ်လျက်ရှိသည့် ဆောင်ရွက်ရမည့် ဖွံ့ဖြိုးရေးလုပ်ငန်း များဖြစ်သည့် ကျေးလက်လမ်းလုပ်ငန်းများအတွက် ဆောင်ရွက်ရန် ကျပ် ၂ ဒသမ ၄၆၁ ဘီလျံ၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်အတွင်း၌ ကျေးလက်လမ်းမီးလင်းရေး ဆောင်ရွက်ရန်အတွက် ကျပ်သုံးဘီလျံ၊ မရမ်းကုန်းမြို့နယ် မီးသတ်စခန်း  ဝန်ထမ်းနေအိမ်ပိုင်ရိုက်ရန်အတွက် လိုအပ်ငွေ ကျပ် ဝ ဒသမ ၂ဝရဘီလျံ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများအတွက် ရေ၊ မီးဆက်သွယ်ရေးလုပ်ငန်းများ၊ ထရန်စဖော်မာ တပ်ဆင်ခြင်းလုပ်ငန်းများ နှင့် ရန်ကုန်မြို့တွင်းလမ်းများ ကွန်ကရစ်လမ်းခင်းခြင်းတို့အတွက် ကျပ် ၁ ဒသမ ၅၇၈ သန်း စုစုပေါင်း ကျပ် ၇ ဒသမ ၁၄၆ ဘီလျံကို ထပ်မံခွင့်ပြုပေးခဲ့ကြောင်း ဝန်ကြီးက ပြောကြားသည်။

“ဒါကြောင့်မို့လို့ (၁/၂၀၁၉) ဘဏ္ဍဍာ ရေးကော်မရှင်အစည်းအဝေးက အတည်ပြုပေးခဲ့တဲ့ ဖြည့်စွက်ခွင့်ပြုငွေ ၂၄ ဒသမ ၄၂၃ ဘီလျံနဲ့ထပ်မံရရှိခဲ့တဲ့ကျပ် ၇ ဒသမ ၁၄၆ ဘီလျံ စုစုပေါင်းကျပ် ၃၁ ဒသမ ၆၆၉ ဘီလျံကို ဧပြီ ၂၄ ရက်တွင်ပြုလုပ်ခဲ့တဲ့ ဘဏ္ဍဍာရေးကော်မရှင်(၂/၂၀၁၉)အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွက် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ခွင့်ပြုပေးခဲ့ပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

ထို့နောက် ဝန်ကြီးက ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ထပ်မံဘဏ္ဍဍာငွေခွဲဝေမှု ဥပဒေကြမ်းကို ပြင်ဆင်ချက်နှင့်အတူ လွှတ်တော်တင်ပြခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာရေးနှစ် နောက်ထပ်ဘဏ္ဍဍာငွေသုံးစွဲရေး ဥပဒေကြမ်းအတည်ပြုပေးရန် လွှတ်တော်သို့ တင်ပြခဲ့သည်။

အဆိုပါ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ထပ်မံဘဏ္ဍဍာငွေခွဲဝေမှု ဥပဒေကြမ်းကို ဇွန် ၉ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေးတွင် အတည်ပြုခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။     

No comments:

Post a Comment