Tuesday, June 18, 2019

လာမည့်ဘဏ္ဍာနှစ်တွင် အစိုးရအသုံးစရိတ် တိုးမြှင့်သုံးစွဲမည်ဟု သမ္မတပြောကြား

လျှပ်စစ်အပါအ၀င် အခြေခံအဆောက်အအုံကဏ္ဍနှင့် ကျန်း မာရေး၊ ပညာရေးအပါအ၀င် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးရေးအတွက် အစိုးရအသုံးစရိတ်များ တိုးမြှင့်သုံးစွဲမည်ဟု သမ္မတဦးဝင်းမြင့်က ပြော ကြားသည်။ လူမှုစီးပွားမြှင့်တင်ရေးပြည် သူကို လက်ငင်းအကျိုးဖြစ်ထွန်း စေမည့် လျှပ်စစ်မီးရရှိရေး၊ လမ်း တံတားလုပ်ငန်းများ၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အစိုးရအသုံးစရိတ်များ တိုးမြှင့် သုံးစွဲမည်ဖြစ်သကဲ့သို့ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေး လူမှုကာ ကွယ်စောင့်ရှောက်ရေးလုပ်ငန်း များတွင် ယခင်နှစ်ထက် အသုံး စရိတ်တိုးမြှင့်သုံးစွဲမည်ဟု သမ္မတ က ပြောသည်။



ဇွန်လ ၁၇ ရက်ကနိုင်ငံတော် သမ္မတအိမ်တော်၌ ပြုလုပ်သော ဘဏ္ဍာရေးကော်မရှင်အစည်းအ ဝေးတွင် လာမည့်ဘဏ္ဍာနှစ်အ တွက် အစိုးရအသုံးစရိတ်ကို ကျပ် ၃၂,၃၄၀ ဘီလီယံသုံးစွဲရန်လျာ ထားကြောင်း ထုတ်ပြန်ကြေညာ သည်။ ထိုပမာဏက ၂၀၁၈-၁၉ ဘဏ္ဍာနှစ် မူလလျာထားအသုံးစ ရိတ်နှင့်နှိုင်းယှဉ်ပါက ၃၀ ရာခိုင် နှုန်းကျော် ပိုများသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က အစိုးရအသုံးစရိတ် ကျပ်ဘီလီယံ ၂၄,၇၂၄ လျာထား သည်။

အစိုးရအသုံးစရိတ်များကို တိုးမြှင့်သုံးစွဲရန် လျာထားသကဲ့ သို့ ‘‘လျာထားအသုံးစရိတ်နဲ့ အ မှန်တကယ်သုံးစွဲသည့်အသုံးစ ရိတ်နီးစပ်မှုရှိသင့်ပါတယ်။ ပိုလျှံ ငွေပြန်အပ်မှုများခြင်းက ဘတ် ဂျက်လျာထားမှုစွမ်းရည်အား နည်းသည်ကို ပြသနေတယ်’’ ဟု ဦးဝင်းမြင့်က ပြောသည်။

လျှပ်စစ်အပါအ၀င် အခြေခံ အဆောက်အအုံပိုင်းတွင် အသုံး စရိတ်တိုးမြှင့်သုံးစွဲခြင်းက လို အပ်ချက်နှင့် ဖွံ့ဖြိုးရေးကိုထောက် ပံ့ပေးနိုင်မည်ဟု စီးပွားရေးပညာ ရှင်ဦးဇော်ဖေ၀င်းက ပြောသည်။

‘‘ဒီမှာက လျှပ်စစ်အခက်အခဲရှိတယ်။ ကျေးလက်တွေမှာဆို လည်း ဖွံ့ဖြိုးရေးက လိုအပ်နေ တော့ တိုးသုံးတာကောင်းပါ တယ်’’ ဟု ဦးဇော်ဖေ၀င်းက ပြော သည်။

အစိုးရအနေဖြင့် သုံးစွဲမှုမြှင့် တင်သကဲ့သို့ အခြားတစ်ဖက် ရငွေပိုင်းတွင်လည်း တိုးမြှင့်ရှာဖွေ ရန် လိုအပ်သည်ဟု ၎င်းကဆို သည်။

လာမည့်ဘဏ္ဍာနှစ်တွင် ရ ငွေကို ကျပ် ၂၅,၃၁၃ ဘီလီယံ ရရှိရန်လျာထားသည်။ ယင်းပမာ ဏက ယခုဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ် လျှင် ၃၀ ရာခိုင်နှုန်းခန့်တိုးမြှင့် လျာထားခြင်းဖြစ်သည်။ ယခု ဘဏ္ဍာနှစ်ဘတ်ဂျက်ရငွေ လျာ ထားချက်က ကျပ် ၁၉,၉၄၆ ဘီ လီယံဖြစ်သည်။

သို့သော် ဘတ်ဂျက်လိုငွေ ကျပ် ၇,၀၂၇ ဘီလီယံကျော်ရှိပြီး လိုငွေနှင့် ဂျီဒီပီအချိုးက ၅ ဒသမ ၉ ရာခိုင်နှုန်းဖြစ်သည်။

လာမည့်ဘဏ္ဍာနှစ်တွင် မြန် မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှုန်းကို အစိုးရက ၇ ရာခိုင်နှုန်းရှိ မည်ဟု ခန့်မှန်းထားသည်။

သဘာဝ ဘေးအန္တရာယ် ကာကွယ်မှုနှင့် ကယ်ဆယ်မှုများ လျင်မြန်စွာလုပ်ဆောင်နိုင်ရန် အ စိုးရဘတ်ဂျက်အသုံးစရိတ်တွင် ပါဝင်သော အရေးပေါ်ရန်ပုံငွေကို ကျပ်ဘီလီယံ ၁၀၀ လျာထားမှု ကို ပြောင်းလဲခဲ့သည်။

ပြည်ထောင်စုဝန်ကြီးများ နှင့် တိုင်းနှင့်ပြည်နယ်အစိုးရများ အား ကျပ် ၅၀ ဘီလီယံခွဲပေးပြီး ကျန်ကျပ် ၅၀ ဘီလီယံကို ဗဟို တွင်ထားရှိမည်ဖြစ်သည်။ လက်ရှိနိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ၏ ဘဏ်ငွေစာ ရင်း (UFA-SEE)၊ Other Account (UFA-OA)နှင့်ပတ်သက် ၍ ငွေစာရင်းနှစ်ခုထားရှိနေခြင်း ကို နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ငွေစာရင်းတစ်ခု တည်းသို့ ပြောင်းလဲထားရှိမည် ဖြစ်သည်။ ကုန်သွယ်မှုစာရင်း၊ ၀င်ငွေခွန်ပေးဆောင်ခြင်းနှင့် နိုင် ငံတော်သို့ အမြတ်ငွေထည့်ဝင် ခြင်းများကိုလည်း ပြောင်းလဲပြီး Other Account စာရင်းများကို စစ်ဆေး၍ စနစ်တကျပိတ်သိမ်း မည်ဖြစ်သည်။

No comments:

Post a Comment