Tuesday, June 18, 2019

မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းမပေါ် ရတနာ(စိုက်ပျိုးရေး) အိမ်ရာရှေ့ တွင် YBS 37 နှင့် Hijet ယာဉ် မျက်နှာချင်း ဆိုင်တိုက်မိခဲ့ပြီး ၂ ဦး သေဆုံးခဲ့ကာ ၂ ဦး ဒဏ်ရာရရှိ

မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပြည်လမ်းမပေါ် ရတနာ(စိုက်ပျိုးရေး)အိမ်ရာရှေ့တွင် ရှစ်မိုင်ဘက်မှ မောင်းနှင်လာသော Hijet ယာဉ်တစ်စီးမှ အရှိန်လွန်ကာ လေဆိပ်ဘက်မှ မောင်းနှင်လာသော YBS ခရီးသယ်တင်ယာဉ်အား မျက်နှာချင်းဆိုင်တိုက်မိမှု ဇွန်လ ၁၈ ရက် (ယနေ့) နံနက် ၅ နာရီ ၄၅ မိနစ် ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။



ထိုသို့တိုက်မိမှုကြောင့် Hijet ယာဉ်ပေါ်ပါ လူ ၄ ဦး အနက် ခေါင်းခန်းပါ ယာဉ်မောင်း အပါအဝင် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ၊ ကျန် အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Hijet ယာဉ်ခေါင်းခန်းတွင်း ညှပ်မိနေသူ (သေဆုံး)အမျိုးသား နှစ်ဦးအား မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး နှင့် လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး တို့ဖြင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ကရိယာများ အသုံးပြုကာ ကယ်ဆယ်ထုတ်ယူပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment