Tuesday, June 18, 2019

ပြည်သူသာယာဝပြောရေးနှင့် နိုင်ငံအကျိုးရှိစေမည့်စီမံကိန်းများ အကောင်အထည်ဖော်ရန် အတိုင်ပင်ခံပုဂ္ဂိုလ်တိုက်တွန်း

စီမံကိန်းများအကောင်အထည်ဖော်ရာတွင် ဘတ်ဂျက်ကို ကြည့်ရွေးချယ်ခြင်းထက် ပြည်သူ သာယာဝပြောရေးနှင့် နိုင်ငံအတွက် အများဆုံး အကျိုး ဖြစ်စေမည့်စီမံကိန်းများကို ရွေးချယ်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက် တွန်းသည်။ ဇွန်လ ၁၇ ရက်တွင်ပြုလုပ်သော ၂၀၁၉ အမျိုး သားစီမံကိန်း ကော်မရှင်အစည်းအဝေး၌ အတိုင် ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပြီး အဆိုပါအစည်းအဝေး သည် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်းကို ပြည်ထောင်စုလွှတ်တော်သို့ မတင်သွင်းမီ ညှိနှိုင်း အတည်ပြုချက်ရယူသည့်အစည်းအဝေးဖြစ်သည်။



ထိုအစည်းအဝေးတွင် စီမံကိန်းများအတွက် ငွေရေးကြေးရေးသည် အရေးကြီးသော်လည်း အမှန် တကယ်လုပ်သင့်လုပ်ထိုက်သည့် စီမံကိန်းများသာ ရွေးချယ်ရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ ထို့အပြင် အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ဒေသ၊ ကဏ္ဍလိုအပ် ချက်များနှင့် နိုင်ငံ့လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် မဟာဗျူဟာမြောက် စဉ်းစားဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

ထို့အပြင် ဗဟိုအစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ များ ပူးပေါင်းဆောင်ရွက်မှုလည်း အရေးကြီးကြောင်းနှင့် ရာသီဥတု ပြောင်းလဲမှုနှင့် အသစ်ဖြစ်ပေါ်နေ သော အခြေအနေများအပေါ် မူတည်၍ စီမံကိန်းများရေးဆွဲရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့် က စီမံကိန်းများရေးဆွဲရာတွင် စီမံကိန်းနှင့်ဘတ်ဂျက် ချိတ်ဆက် အားကောင်းရန်လိုသည်ဟု ဆို သည်။ စီမံကိန်းများ အကောင် အထည်ဖော်ရာတွင် ဘတ်ဂျက် ကို အခြေခံပြီးဆောင်ရွက်မည့် အစား လုပ်ငန်းစီမံကိန်းများကို ဦးစားပေးအလိုက်ရွေးချယ်သတ် မှတ်ပြီး နိုင်ငံတော်နှင့် ပြည်သူအ ကျိုးဖြစ်စေမည့်စီမံကိန်းများကို ရွေးချယ်အကောင်အထည်ဖော်ရ မည်ဟု သမ္မတက ပြောသည်။

ထို့အပြင် ဘတ်ဂျက်တောင်း ခံခြင်းမပြုမီကပင် စီမံကိန်းများကို စနစ်တကျ၊ အစီအစဉ်တကျရေး ဆွဲထားရန်နှင့် စီမံကိန်းမစတင်မီ အဆင့်ကတည်းကပင် စီမံကိန်း စက်ဝန်းတစ်ခုလုံးကို ကြိုတင် ဆန်းစစ်လေ့လာသုံးသပ်ရန် လို အပ်သည်ဟု ဦးဝင်းမြင့်က ဆို သည်။

နိုင်ငံတော်ဘဏ္ဍာငွေလေ လွင့်မှုမရှိစေရေးနှင့် ပေးချေရ သည့်တန်ဖိုးသည် ညီမျှသည့် ရလဒ်ရရှိရေး အရေးကြီးသည်ဟု ဆိုသည်။

 ထို့အပြင် ဌာန၏လုပ်နိုင် စွမ်းထက်ကျော်လွန်၍ လုပ်ငန်း အားလုံးကို တစ်ပြိုင်နက် လျာ ထားဆောင်ရွက်မည့်အစားအမှန် တကယ်လုပ်ဆောင်သင့်သည့် စီမံကိန်းများကို ဦးစားပေးဆောင် ရွက်ရန် သမ္မတကမှာကြားသည်။

နိုင်ငံအတွက် အရေးပါပြီး မပြီးပြတ်သေးသည့်စီမံကိန်းများ ကို ဦးစားပေးရွေးချယ်ဆောင်ရွက် ရန်နှင့် လုပ်ငန်းသစ်များရွေးချယ် ရာတွင် ပြည်သူအတွက်အကျိုး ရှိသည့်စီမံကိန်းနှင့် ထုတ်လုပ်မှု စွမ်းအားတိုးတက်နိုင်မည့် စီမံ ကိန်းများကို အလေးထားအ ကောင်အထည်ဖော်ဆောင်ရွက် ရန်လည်း သမ္မတက ထပ်မံမှာ ကြားသည်။

နိုင်ငံတော်၏လုပ်ငန်းစီမံ ကိန်းများကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ပါက ယှဉ် ပြိုင်တင်ဒါစနစ်ဖြင့် ပွင့်လင်းမြင် သာစွာဆောင်ရွက်ရန်နှင့် ထုတ် ပြန်သောညွှန်ကြားချက်များကို တိတိကျကျလိုက်နာရန် ပြည် ထောင်စုအစိုးရနှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်များကပါ ကြီးကြပ် နိုင်ရန် လိုအပ်ကြောင်းတိုက်တွန်း သည်။

၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းကြီးများ ဆောင်ရွက်ရန် လျာထားခြင်း၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ စီးဝင်ခြင်း၊ ငွေကြေး အရင်းအနှီးအတွက် စီးပွားရေးအ ခြေခံလုပ်ငန်းများကို ချေးငွေများ ဆက်လက်ထုတ်ပေးခြင်း၊ ဖြေ လျှော့ပေးထားသည့် ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများကြောင့် လုပ်ငန်း များတိုးချဲ့လာနိုင်ခြင်းတို့ကြောင့် ပုဂ္ဂလိကအသေးစားနှင့် အလတ် စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာမည်ဟု မျှော်မှန်းထားကြောင်း သမ္မတကပြောသည်။

ထို့အပြင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်နှင့် စက်မှု ကဏ္ဍဖွံ့ဖြိုးရန် အဓိကလိုအပ် သည့် လျှပ်စစ်ဓာတ်အားတိုး တက်ရရှိစေရေး၊ ၂၀၂၀ နွေရာသီ တွင် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး စီမံဆောင် ရွက်ခြင်း၊ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်တိုးတက်စေရေး လမ်းကွန်ရက်များနှင့် ကျေးလက် လမ်းများ တိုးတက်ကောင်းမွန် လာစေခြင်း၊ ဘဏ္ဍာရေးဝန် ဆောင်မှုကဏ္ဍတိုးတက်လာခြင်း၊ ငွေကြေးဝန်ဆောင်မှုများ တိုး တက်လာခြင်း၊ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်း တို့ကြောင့် လာမည့်ဘဏ္ဍာနှစ် တွင် နိုင်ငံ၏ GDP ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထား ကြောင်း သမ္မတက ဆိုသည်။ နိုင်ငံ၏စီးပွားရေးသည် ယခု ဘဏ္ဍာနှစ်ကုန်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့် မှန်းထားကြောင်း ၎င်းကဆို သည်။ ပြည်သူများ လတ်တလော လိုအပ်ချက်နှင့် တိုင်းပြည်ရေရှည် ဖွံ့ဖြိုးရေး လိုအပ်ချက်များကို ယခင်နှစ်ထက် ပိုမိုဖြည့်ဆည်းနိုင် ရေး ယခုနှစ်စီမံကိန်းများတွင် အသုံးစရိတ်များကို ပိုမိုကျခံသုံးစွဲ မည်ဟု သမ္မတကဆိုသည်။ လွှတ် တော်က အကြံပြုဆွေးနွေးချက် များကိုလည်း အလေးထားစဉ်းစား ရမည်ဟု သမ္မတကဆိုသည်။

No comments:

Post a Comment