Tuesday, June 18, 2019

၂၀၅၀ မှာ ကမ္ဘာ့လူဦးရေ ၉ ဒသမ ၇ ဘီလီယံအထိ ရှိလာမည်

လူဦးရေ ဖွံ့ဖြိုးမှု နှေးကွေးနေပေမယ့် ၂၀၅၀ မှာ ကမ္ဘာ့လူဦးရေဟာ ၉ ဒသမ ၇ ဘီလီယံအထိ ရောက်ရှိပြီး ၂၁၀ဝ ပြည့်နှစ်မှာဆိုရင် ၁၁ ဘီလီယံအထိ ရောက်ရှိမယ်လို့ တစ်နှစ်နှစ်ကြိမ် ထုတ်ပြန်သည့် လူဦးရေ အစီရင်ခံစာမှာ ကုလသမဂ္ဂက ကြေညာထားပါတယ်။ ဥရောပနဲ့ မြောက်အမေရိကတို့မှာ အသက်ကြီးပိုင်းလူဦးရေ တိုးပွားလာနိုင်တာနဲ့ ပတ်သက်ပြီး အဲဒီ အစီရင်ခံစာမှာ သတိပေးထားပါတယ်။



လာမယ့် နှစ် ၃၀ အတွင်းမှာ လက်ရှိ လူဦးရေ ၇ ဒသမ ၇ ဘီလီယံ ရှိတဲ့ ဒီကမ္ဘာမှာ လူဦးရေ နောက်ထပပ် နှစ်ဘီလီယံ တိုးပွားလာလိမ့်မယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူဦးရေ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး ၂၀၁၇ က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ၂၀၅၀ ခုနှစ်မှာ ကမ္ဘာ့ လူဦးရေ ၉ ဒသမ ၈ ဘီလီယံနဲ့ ၂၁၀ဝ မှာ ၁၁ ဒသမ ၂ ဘီလီယံအထိ ရှိလာမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတာ ဖြစ်ပါတယ်။

“၂၀၁၉ ကမ္ဘာ့လူဦးရေအလားအလာ အလေးထားသုံးသပ်ချက်”ဆိုတဲ့ အဲဒီ အစီရင်ခံစာမှာ လူ့သက်တမ်း တိုးလာခြင်းနဲ့ သေဆုံးမှုနှုန်း ကျဆင်းလာခြင်းကြောင့် သက်ကြီးပိုင်း ဦးရေ ကြီးထွားမှာကို သတိပေးထားပါတယ်။

၂၀၅၀ မှာ လူဦးရေနှုန်းထားရဲ့ ၁၆ ရာခိုင်နှုန်းဟာ အသက် ၆၅ နှစ်အထက် အသက်ကြီးပိုင်းတွေ ဖြစ်ပြီး လက်ရှိနှုန်းထား ကိုးရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် အလွန်များပြားတာကို တွေ့ရမှာဖြစ်တယ်လို့လည်း ကုလသမဂ္ဂက သတိပေးထားပါတယ်။

No comments:

Post a Comment