Tuesday, June 18, 2019

ချဲလ်ဆီးနည်းပြဟောင်း ဆာရီကို ဂျုဗင်တပ်နည်းပြအဖြစ် ခန့်အပ်

ဂျူဗင်တပ်အသင်းဟာ ချဲလ်ဆီးနည်းပြဆာရီကို နည်းပြချုပ်အဖြစ် ခေါ်ယူခန့်အပ်လိုက်ပါတယ်။ ဇွန် ၁၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းဘက်ကလည်း အဆိုပါသတင်းကို အတည်ပြုသွားခဲ့ပါတယ်။ အီတလီနည်းပြ ဆာရီဟာ ချဲလ်ဆီးအသင်းနဲ့ တရာသီကြာ ဖြတ်သန်းခဲ့အပြီးမှာပဲ အသင်းနဲ့ လမ်းခွဲဖို့ အကြောင်းဖန်လာခဲ့တာဖြစ်ပါတယ်။ အီတလီထိပ်တန်းကလပ် ဂျုဗင်တပ်အသင်းဟာ နည်းပြ အယ်လီဂရီ နဲ့ လမ်းခွဲခဲ့ပြီးနောက် အီတလီနည်းပြတဦးဖြစ်တဲ့ ဆာရီကို သဘောကျခဲ့တာကြောင့် အရခေါ်ယူခဲ့တာဖြစ်ပါတယ်။


ဂျူဗင်တပ်အသင်းဟာ ဆာရီအတွက် ချဲလ်ဆီးအသင်းကို စာချုပ်ဖျက်သိမ်းကြေး ပေါင်၅ သန်း ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဆာရီဟာ ချဲလ်ဆီးနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုထားသူဖြစ်ပြီး သူ့ရဲ့ပထမဆုံးရာသီမှာ ယူရိုပါလိဂ်ဖလားတလုံး ရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

အသက် ၆၀ နှစ်ရှိ နည်းပြဆာရီဟာ အမ်ပိုလီ နဲ့ နာပိုလီအသင်းတွေမှာ ၆ နှစ်ကြာ တာဝန်ယူခဲ့ပြီးနောက် ထင်ရှားလာသူဖြစ်ပြီး ချဲလ်ဆီးကနေတဆင့် ဂျုဗင်တပ်အသင်းဆီ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment