Tuesday, June 18, 2019

ပြည်ပချေးငွေများသည် ပြန်လည်ပေးဆပ်ရမည်ဖြစ်သောကြောင့် အလေအလွင့် မဖြစ်အောင်သုံးစွဲရန် သမ္မတ သတိပေး

 ပြည်ပချေးငွေများသည် ပြန်လည်ပေးဆပ်ရမည်ဖြစ်သောကြောင့် အလေအလွင့် မဖြစ်အောင်သုံးစွဲရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သတိပေးပြောကြားလိုက်သည်။ ဇွန်လ ၁ရရက် မနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသော ဘဏ္ဍဍာရေးကော်မရှင် (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ဘဏ္ဍဍာရေးကော်မရှင်ဥက္ကဋ္ဌဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောခဲ့ခြင်း ဖြစ်သည်။



“ပြည်ပအကူအညီရငွေ၊ ပြည်ပချေးယူရငွေများရှိသည့် ဌာနများအနေဖြင့် ဘဏ္ဍဍာရေးနှစ် အတွင်း အမှန်တကယ် ရရှိနိုင်မည့် ပမာဏကိုသာ ခန့်မှန်းရေးဆွဲရန်နှင့် ပြည်ပအကူ အညီ အထောက် အပံ့ များကို အချိန်ဇယားနှင့်အညီ ထုတ်ယူသုံးစွဲနိုင်အောင် ဆောင်ရွက်ရန် လိုပါကြောင်း၊ ပြည်ပချေးငွေ များသည် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည့်အတွက် အလေအလွင့် မဖြစ်အောင်သုံးစွဲရန် လိုပါ ကြောင်း”ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ထို့အပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေအရ စုစုပေါင်း ပြည်တွင်း ထုတ် လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)ကို ပုံမှန်ဈေးနှုန်းအရ ၇ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်း ထားပြီး အဆိုပါရည်မှန်းချက်ရရှိရန် ပြည်ထောင်စုအစိုးရ၏ ရန်ပုံငွေသုံးစွဲနိုင်မှုသည် အရေးပါသည့် အခန်း ကဏ္ဍဍတွင်ရှိကြောင်း သမ္မတက ဆိုခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍဍာရေးနှစ်အတွက် အဆင့်ဆင့်စိစစ်ပြီးသည့် ဘဏ္ဍဍာငွေ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း စာရင်းချုပ်မှာ ရငွေစုစုပေါင်း ငွေကျပ် ၂၅၃၁၃ ဘီလီယံဖြစ်ပြီး သုံးငွေ စုစုပေါင်း ငွေကျပ် ၃၂၃၄၀ ဘီလီယံဖြစ်ကာ စုစုပေါင်းလိုငွေပမာဏ ငွေကျပ် ၇၀၂၇ ဘီလီယံ ဖြစ်ကြောင်း သိရသည်။ လိုငွေနှင့်ဂျီဒီပီအချိုးမှာ ၅ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်ပြီး ရငွေ၊သုံးငွေ စုစုပေါင်းထဲတွင် ပြည်ပ အကူအညီ ရငွေကျပ် ၇၀၄ ဘီလီယံနှင့် ပြည်ပမှ ချေးယူရငွေ ကျပ် ၂၆၂၅ ဘီလီယံတို့ပါဝင်ကြောင်း သိရသည်။

ယခုကျင်းပခဲ့သည့် ဘဏ္ဍဍာရေးကော်မရှင် (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍဍာရေးနှစ် ပြည် ထောင်စု၏ ဘဏ္ဍဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုကြရန် ကျင်းပခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment