Tuesday, June 18, 2019

မြန်မာနိုင်ငံတွင်​ အပူချိန်​အမြင့်ဆုံးစံချိန်​တင်သည့် မကွေးတိုင်း​ဒေသကြီးအတွင်း မြို့နယ်များအတွင်း သစ်ပင်ပေါင်း တစ်သိန်း​အထိ စိုက်ပျိုးရန်​ရည်ရွယ်ထားသည့်​ အပူရှိန်​​လျော့ချရေး သစ်ပင်စိုက်ပွဲတော်ကို ​ချောက်​မြို့တွင်​ ဇွန်လ​ ၁၈ ရက်​ (ယနေ့) နံနက်​ ၈ နာရီက စတင်ခဲ့ပြီး ​ဒေသခံပြည်သူများနှင့်အတူ ရုပ်ရှင်​သရုပ်ဆောင်​ ၅၀ ​ကျော်လည်း​ ပါဝင်ကာ​သစ်ပင်​စိုက်ပျိုးခဲ့ကြကြောင်း သိရသည်​။ သရုပ်ဆောင်​ ​နေထူးနိုင်​ဦးဆောင်၍ မကွေးတိုင်း​ဒေသကြီး ​ချောက်​၊ ​ရေနံချောင်း ၊ မင်းဘူး၊ ဂန့်ဂေါ မြို့နယ်​များအတွင်း သစ်ပင်ပေါင်း တစ်​သိန်း အထိ စိုက်ပျိုးရန်​ ရည်ရွယ်ထားကြောင်း
ယင်း အစီအစဉ်​စတင်မှုအဖြစ်​ ​ချောက်မြို့ ရှစ်မျက်နှာဘုရားကုန်းနှင့်​ ထိစပ်​​နေရာများတွင်​ သစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း ထိုအစီအစဉ်ကို ​ချောက်​မြို့နယ်အသင်း နာယကဆရာတော်​ ဦးတောသန (USA) ၏ စီမံမှုဖြင့်​ အကောင်အထည်​​ဖော်ခဲ့ကြောင်း ယင်းသို့စိုက်ပျိုးသည့်​ သစ်ပင်များကို လုံးဝရှင်သန်သည်​အထိ သုံးနှစ်​ဆက်တိုက်​ ထိန်းသိမ်းပြုစုသွားရန်​ စီစဉ်​ထားကြောင်း သိရသည်​။

အဆိုပါ သစ်ပင်စိုက်​ပွဲတော်သို့ မကွေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်​နှင့်​ ဝန်ကြီးများ မကွေးတိုင်း​ဒေသကြီးလွှတ်တော်​ ဥက္ကဋ္ဌဌနှင့် လွှတ်တော်​ကိုယ်စားလှယ်များ မြန်မာနိုင်ငံရုပ်ရှင်​အစည်းအရုံး ဥက္ကဋ္ဌဌ ဦးဇင်ဝိုင်းနှင့်​ သရုပ်ဆောင်များ ​ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်​ ​ဒေသခံပြည်သူများ ပါဝင်​သစ်ပင်​စိုက်ခဲ့ကြကြောင်း သစ်ပင်စိုက်​ပွဲတော်အတွက်​ ရုပ်ရှင်​အစည်းအရုံးနှင့်​ အခြားအဖွဲ့အစည်းများမှ အလှူငွေများ ထည့်ဝင်ခဲ့ကြကြောင်း ထို့နောက်​ ​ရေနံချောင်းမြို့နယ်​အတွင်းတွင်လည်း သစ်ပင်​စိုက်ပွဲတော်ကို ဆက်လက်​ပြုလုပ်​သွားမည်​ဖြစ်ကြောင်း သိရသည်​။

No comments:

Post a Comment