Tuesday, June 18, 2019

ရီးရဲလ်ကို ပြောင်းရွှေ့နိုင်ရေး ပေါ့ဘာ ကြိုးပမ်းနေဟု သတင်းထွက်ပေါ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နာမည်ကြီး ကွင်းလယ်ကစားသမား ပေါ်လ်ပေါ့ဘာဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့နိုင်ရေး အပြင်းအထန် ကြိုးပမ်းနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ကစားသမားအနေနဲ့ ပြင်သစ်သားနည်းပြကြီး ဇီဒန်းရှိရာ ဘာနေဗျူးကို ရောက်ရှိဖို့ သတင်းတွေ ကျယ်လောင်နေခဲ့ပေမယ့် အမှန်တကယ် ဖြစ်ပေါ်လာခြင်းမရှိသေးလို့ အခုလို တွန်းအာပေး ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ပေါ့ဘာဟာ လာမယ့်လမှာ ရာသီကြိုခြေစွမ်းပွဲကစားဖို့ ပြင်ဆင်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပူးပေါင်းဖို့ ငြင်းဆန်ထားပြီး သူနဲ့ အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာတို့ဟာ ပေါင်သန်း ၁၅၀ တန် အပြောင်းအရွှေ့ အမှန်တကယ်ဖြစ်လာရေး ကြိုးပမ်းနေကြတာပါ။ အခုလို ဆန္ဒပြတဲ့နည်းကို ချဲလ်ဆီးဂိုးသမားဟောင်း ကော့တွိုက်စ်လည်း ပြုလုပ်ခဲ့ဖူးပါတယ်။ ပေါ့ဘာကို ရီးရဲလ်မက်ဒရစ်အသင်းက ပေါင် ၁၃၅ သန်းနဲ့ ခေါ်ယူလိုပေမယ့် မန်ချက်စတာယူနိုက်တက်ဘက်က ပေါင် သန်း ၁၅၀ လောက်ရရှိမှသာ ရောင်းချချင်နေတာကြောင့် အပြောင်းအရွှေ့ ကြန့်ကြာနေတာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment