Tuesday, June 18, 2019

အင်းစိန်မြို့နယ်တွင် အထည်အလိပ်ရောင်းချ ပွဲစားခမပေး၍ မကျေနပ်ကြောင်း ပြောဆိုကာ ဓါးဖြင့် ဝိုင်းခုတ်မှု့ ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် အထည်အလိပ် ရောင်းချခဲ့ရာတွင် ပွဲစားခမပေး၍မကျေနပ်ကြောင်း ပြောဆိုကာ ဓါးဖြင့်ဝိုင်းခုတ်မှု့ တစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ခဲ့သည်။ ရွာမအနောက်ရပ်ကွက်နေ မြတ်ကျော်သူ(၃၈)နှစ်သည် ဇွန် ၁၆ည ၈ နာရီ၄၅မိနစ်အချိန်တွင် နေအိမ်၌ရှိနေစဉ် အထည် အလိပ်ဂိုဒေါင်မန်နေဂျာ ဦးအောင်အောင်ရောက်ရှိလာပြီး အထည်အလိပ်ပွဲစားလုပ်ကိုင်သူ ရွာမအနောက်ရပ်ကွက်နေ ကိုသက်ဆွေက တွေ့ချင်ကြောင်း လာပြောခဲ့သည်ဆို၏။



မြတ်ကျော်သူက ဂိုဒေါင်သို့ သွားရောက်ခဲ့ရာ ဂိုဒေါင်ရှေ့တွင် သက်ဆွေ၊ဇော်ဝင်း(၄၇)နှစ်နှင့်အမည်မသိ(အမျိုးသမီး)တစ် ဦးတို့ကို တွေ့ရှိခဲ့သည်ဆို၏။

မည်သည့်ကိစ္စတွေ့ချင်တာလဲဟု မေးမြန်းခဲ့ရာတွင် အထည် အလိပ်ရောင်းချရာတွင် ပွဲစားခမပေးသည့်ကိစ္စနှင့်ပတ်သက် ၍ မကျေနပ်ကြောင်း သက်ဆွေက ပြောဆိုကာ ၎င်းတို့(၃)ဦး က ဓားဖြင့်ဝိုင်းခုတ်သဖြင့် မြတ်ကျော်သူတွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့သည်ဆို၏။

အရေးယူပေးရန်တိုင်တန်းချက်အရ ဇော်ဝင်းပါ (၃)ဦးအား အင်းစိန်မြို့မရဲစခန်းက (ပ)၁၄၉၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ် မ ၃၂၆/၁၁၄ ဖြင့် အရေးယူထားသည်။

No comments:

Post a Comment